💚 ၁၂ 💚

377 51 3
                                    

Unicode

ရေချိုးခန်းထဲမှထွက်ကာ တပတ်လေးနှင့် ခေါင်းသုတ်နေသည့် ကျွန်တော့်ကို Sofaပေါ်မှာ ခြေချိတ်ထိုင်ကာ ပြုံး၍ကြည့်နေတဲ့ Jaemin ။

" ဘာကြည့်နေတာလဲ ။ ရေမချိုးသေးဘူးလား "

Jaeminရှေ့မတ်တပ်ရပ်ကာ ကျွန်တော်မေးတော့ Jaeminက ခါးကနေဆွေ့ခနဲဆွဲကာ အနားတိုးစေသည် ။

" ပေး ကိုယ်သုတ်ပေးမယ် "

" ရပါတယ် ။ ကျွန်တော်ဟာကျွန်တော်လည်း သုတ်လို့ဖြစ်ပါတယ် "

" အခု မင်းကကိုယ့်ကိုငြင်းဆန်နေတာလား "

" အဲ့သဘောမဟုတ်ပါဘူး "

" ဒါဆို ပေးလေ "

" ပြောမရလည်းရော့ "

Jaeminလက်ထဲကို ပဝါပိုင်းလေးထည့်ပေးလိုက်တော့ ခေါင်းပေါ်မှအုပ်ကာ ဆံပင်တွေကို မသုတ်သေးပဲ မျက်ဝန်းတွေအထိအုပ်ပြီး နှုတ်ခမ်းသားတို့အား နမ်းရှိုက်လို့နေတာမို့ လက်ကလေးနှင့်တွန်း၍ ခွာပစ်လိုက်သည် ။

" ဘာလို့လဲ Injoon "

" ကျွန်တော်အနေရခက်လို့ပါ "

" လက်ပဲထပ်ပြီးနေပြီပဲကွာ မင်းနဲ့ပတ်သတ်ပြီး ကိုယ်ဒီလောက်လေးတောင် ပိုင်ဆိုင်ခွင့်မရှိဘူးလား "

" အဲ့သဘောမျိုးမဟုတ်ပါဘူး ။ ဟို ကျွန်တော် အဆင်သင့်မဖြစ်သေးဘူးလားလို့ပါ "

" အိုကေ ကိုယ်ဘယ်နှစ်မိနစ်စောင့်ပေးရမလဲပြော "

" Jaeminကလည်း "

" ကိုယ့်ကိုကြည့် Injoon "

ခါးလေးကနေဆွဲမကာ သူ့ပေါင်ပေါ်မှာ ထိုင်စေသည် ။

" ကိုယ့်ကိုချစ်လား "

" အင်း "

" မင်းချစ်တဲ့သူအတွက် နမ်းတာလေးတောင် မခံနိုင်ဘူးပေါ့ "

" Jaeminက ကျွန်တော့်ကိုစကားနာထိုးနေတာလား ။ ဒါဆိုလည်း Jaeminသဘောပဲ ။ လုပ်ချင်တာသာလုပ်တော့ "

" ဟေ့ ဘာလဲ အဲ့ဒါကရွဲ့တာလား "

" ဟောကြည့် အကောင်းပြောပြန်တော့လည်း မဟုတ်ပြန်ဘူး "

" ကိုယ်ကစတာပါကွ ။ ရော့ ရေကိုသေချာခြောက်အောင်သုတ် "

လက်ထဲကို Towelအားထည့်ပေးပြီး ထထွက်သွားသည့် Jaeminကို ဘယ်လိုမှ ကျွန်တော်လိုက်၍မမှီနိုင်တော့ ။

မျိုးရိုးက အထက်တန်းစား [ မ်ိဳးရိုးက အထက္တန္းစား ] [[ Season -2 ]]حيث تعيش القصص. اكتشف الآن