💚 ၈ 💚

477 68 8
                                    

Unicode

တံခါးကိုတွန်းဖွင့်ကာ အခန်းထဲဝင်ခဲ့တော့ Injunက အိပ်လို့နေပြီ ။

ကျောခိုင်းကာ အိပ်စက်နေသည့် Injunပေါ် စောင်အားထပ်ကာ လွှားပေးလိုက်တော့ ခန္ဓာကိုယ်လေး လူးလွန့်လို့သွားသည် ။

အိပ်နေတာ မဟုတ်ဘူးပဲ ။

စိတ်ထဲ၌သာရေရွတ်ရင်း လက်တွေ့မှာတော့ Injunရဲ့ဘေးတစ်ဖက်တစ်ချက် မွေ့ယာပေါ်မှာ နေရာယူလိုက်ပြီး ကျောခိုင်းကာ စောင်းလျက် အိပ်ဖြစ်သည် ။

နံရံထက်က Injunဓာတ်ပုံလေးက ပြုံး၍ကြည့်နေတာမို့ မျက်တောင်ရှည်တို့ကာရံထားသည့် မျက်လုံးလေးများ ကွေးညွှတ်သွားသည်အထိ ပြုံးပြလိုက်သည် ။

ကျောနားဆီက ပူနွေးမှုက ရုတ်တရက် ရင်ထဲတိုးဝင်လာတာမို့ လှည့်၍ကြည့်လိုက်တော့ ကလေးလေး ။

ခါးကိုကျစ်ကျစ်ပါအောင် သိုင်းဖက်ကာ ကျောပြင်ပေါ်မျက်နှာအပ်ပြီး အတင်းဖိကပ်လို့ထားတာမို့ မျက်နှာချင်းဆိုင်အနေအထားဖြစ်အောင်
ကိုယ်ကိုလှည့်ကာ ခေါင်းလေးငုံ့ထားသည့် Injun၏ မေးဖျားလေးအား ဆွဲ၍မော့စေလိုက်သည် ။

စိုနုရွှန်းလဲ့တဲ့ Injunရဲ့မျက်ဝန်းဖျားမှာ မျက်ရည်စအချို့က ခိုသီးလို့ ။

" မင်းငိုနေတယ် "

ထိတ်ထိတ်ပြာပြာ ကျွန်တော်မေးမိတော့ Injunက ရင်ခွင်ထဲကို ခေါင်းလေးတိုးကာ ပို၍နစ်ဝင်အောင် ဖက်တွယ်လို့လာသည် ။

" ကျွန်တော် လူကြီးကိုချစ်တယ် "

" အင်း "

" ကျွန်တော့်ကိုလေ ကျွန်တော်လို့ပဲမြင်ပေးလို့ မရဘူးလားဟင် လူကြီး "

ခေါင်းလေးမော့ကာ တောင်းဆိုလာတဲ့ Injunအား မြတ်နိုးစွာ ကျွန်တော် အပေါ်မှအုပ်မိုး၍ကြည့်လိုက်သည် ။

" လူကြီးရဲ့အတိတ်မဟုတ်ပဲနဲ့ ကျွန်တော်က လူကြီးရဲ့ပစ္စုပ္ပန်ပဲဖြစ်ချင်တာ "

" မင်းစိတ်ထဲမှာ ဘာတွေဖြစ်နေတာလဲ Injun ။ ကိုယ်အလုံးစုံနားမလည်ဘူး ဖြစ်နေတယ် ။ ကိုယ်နားလည်အောင် ပြောပြပါလား "

" လူကြီးသိလား ။ ကျွန်တော်အခု အရမ်းဝမ်းနည်းနေတာ "

" အင်း ကိုယ်သိတယ် "

မျိုးရိုးက အထက်တန်းစား [ မ်ိဳးရိုးက အထက္တန္းစား ] [[ Season -2 ]]Donde viven las historias. Descúbrelo ahora