💚 ၃ 💚

595 85 2
                                    

Unicode=

စိတ်တိုင်းကျလျှောက်သွားနေတဲ့ Junပိစိလေးနောက် လိုက်ခဲ့ရင်း ဖြစ်ချင်တာတွေမှန်သမျှကို ဖြည့်ဆည်းပေးဖြစ်သည် ။

ဘာလိုပဲ Junတစ်ကျော့ပြန်လာတယ်ပြောပြော ဒီကလေးက ကျွန်တော့်သမီးအရွယ်ပဲ မဟုတ်လား ။

" Jeno စား "

ရေခဲမုန့်အား ကျွန်တော့်ပါးစပ်ထဲထိုးထည့်ကာ တဟားဟားနဲ့ အော်ရယ်နေသည် ။

" အိမ်ပြန်ရအောင် Jun "

" နေပါအုန်း ၊ ဆော့လို့တောင်မဝသေးဘူး "

* Ring~Ring *

" ဟယ်လို ၊ အေး ငါအခုလာခဲ့မယ် "

ဖုန်းအားဘောင်းဘီအိတ်ထဲ ထိုးထည့်ကာ ကောင်လေးကိုကြည့်လိုက်တော့ အူလည်လည်နဲ့ မော့ကြည့်နေသည် ။

" ကိုယ်တစ်နေရာကို အခုသွားမှဖြစ်မယ် Jun ၊ ကိုယ်မင်းကိုပြန်လိုက်ပို့ပေးမယ် "

" ဘယ်သွားမှာလဲ "

" ဒီလိုပါပဲ "

" ကျွန်တော့်ကိုလိမ်တာလား "

" မဟုတ်ပါဘူး Jaeminဆေးရုံတင်ထားရတယ်ဆိုလို့ ၊ သွားကြည့်မလို့ "

" Jaeminက သွားမယ်လေ ဘာလုပ်နေတာလဲ ၊ မြန်မြန်လာ "

လက်အားအတင်းဆွဲကာ ကားဆီပြေးနေသည် ။

Jaeminကို အခုအချိန်အထိ ချစ်တုန်းပဲလား Jun ။

ဆေးရုံအတွင်း ကားကိုကွေ့ဝင်လိုက်ပြီး ကားတောင် စက်မသတ်ရသေးဘူး ။

ကားပေါ်က ခုန်ချကာ ထိုကောင်လေး ပြေးလေပြီ ။

" ဒီကောင်လေးနှယ် "

ကားအားပါကင်ထိုးကာ နောက်ကလိုက်ခဲ့တော့ ပျောက်တောင်သွားပြီ ။

ကောင်တာမှာ မေးပြီး Jaeminအခန်းဆီ လျှောက်ခဲ့တော့ တွေ့ပါပြီ အမွှေထိုးလေး ။

အခန်းဝမှာ ယောင်လည်ယောင်လည်နဲ့ ဟိုချောင်းသည်ချောင်းလုပ်နေတာ ။

" ဝင်လေ "

" တစ်ယောက်တည်းမဝင်ရဲဘူး "

" လာ "

လက်အားဆွဲကာ ကျွန်တော်ဝင်ခဲ့လိုက်တော့ နောက်ပါးမှာ ကပ်နေသည် ။

မျိုးရိုးက အထက်တန်းစား [ မ်ိဳးရိုးက အထက္တန္းစား ] [[ Season -2 ]]Tempat cerita menjadi hidup. Temukan sekarang