💚 ၉ 💚

459 67 4
                                    

UNICODE

" ဘာကြည့်နေတာလဲ "

ကျွန်တော်ပြန်ရောက်လာတဲ့ အထိမ်းအမှတ်နဲ့ မိသားစုDinnerလုပ်ဖို့ ဈေးသွားရန် ပစ္စည်းစာရင်းတွေ ပြင်ဆင်နေတဲ့ Leleက နောက်စေ့အားပိတ်ရိုက်ကာ မေးလိုက်တာမို့ စပ်ဖြီးဖြီးနဲ့ နောက်စေ့အားပွတ်ကာ ရယ်ပြလိုက်တော့ ဒယ်ဒီက ကော်ဖီသောက်ကာ စာဖတ်နေရင်းမှ မျက်လုံးလှန်ကြည့်သည် ။

" ဘာမှမဟုတ်ပါဘူး Leleရ "

" မင်းငါ့ကိုဘာမှမလိမ်နဲ့ Jaejun ။ မင်းမျက်လုံးတွေ တစ်ချိန်လုံး ပြတင်းပေါက်ကို ငေးနေတာ ငါသိတယ် "

" Leleထင်လို့ပါ "

" မင်းငါ့လက်ပေါ်မှာကြီးလာတာပါ "

" အဲ့တာတော့ဟုတ်တယ် Jaejun ။ ငါလည်းမင်းLeleလက်ပေါ်မှာပဲကြီးလာတာ "

" ကလေးကိုပေါက်ကရတွေပြောပြန်ပြီ ။ ငါကောက်ပေါက်လိုက်အုန်းမယ် "

" ကိုယ်ကချစ်လို့စတာပါ ဘေဘီကလည်း "

" ကိုလေး ကျွန်တော်ဈေးသွားမလို့ ။ ဘာစားချင်လဲ "

" ငါ့အတွက် တကူးတကမလိုဘူး ။ ဟိုကောင့်ကိုသာမေးသွား "

" ကျွန်တော်ကဒယ်ဒီ့သားပါဗျ ။ ဘာဖြစ်ဖြစ် အဆင်ပြေတယ် "

" လူကြီး "

ခေါ်သံကြောင့် ဒယ်ဒီချက်ချင်းပင် ထထွက်သွားလေသည် ။

Leleကမျက်နှာပျက်သွားပေမဲ့ Jijiကတော့ အေးဆေးပင် ။

" အဲ့ကလေး ဘာလာလုပ်ပြန်တာလဲ "

" အကြောင်းရှိလို့နေမှာပေါ့ ဘေဘီရာ "

" ငါတော့သဘောမကျပါဘူး ဟန်နီ "

" ကိုလေးအကြောင်းလည်းသိရဲ့သားနဲ့ကွာ ။ လွှတ်ထားလိုက်ပါ "

Leleပခုံးအားဆုတ်ကိုင်ကာ Jijiချွေးသိပ်လေ ဒယ်ဒီ့ဆီလာတဲ့ဧည့်သည်ကို ကျွန်တော်ပိုသိချင်လေမို့ ထိုင်နေရာမှ ထလိုက်တော့ Jijiလှမ်းဆွဲသည် ။

" ဒါကဘယ်လဲ "

" အရှေ့သွားမလို့လေ "

" မသွားနဲ့ "

" ဘာဖြစ်လို့လဲ "

" ကိုလေး စိတ်ဆိုးလိမ့်မယ် "

မျိုးရိုးက အထက်တန်းစား [ မ်ိဳးရိုးက အထက္တန္းစား ] [[ Season -2 ]]Opowieści tętniące życiem. Odkryj je teraz