အခန်း (၂၉) သူ၏နှလုံးသားတစ်ခုလုံးနှင့်

160 8 5
                                    

မနက်စာအမြန်စားလိုက်ပြီးနောက် ကျောင်းဝတ်စုံလဲကာ ဂျူဟိုကျောင်းသို့ ထွက်လာခဲ့သည်။ စာသင်ခန်းသို့ ရောက်သည်နှင့် စာအုပ်တစ်အုပ် (သို့) အင်္ဂလိပ်ဖတ်စာအုပ်မှ စာများကို ဖတ်လေ့ရှိသည်။ ရံဖန်ရံခါတွင် ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်တာ (သို့) ဒုတိယနှစ်အထပ်သို့ တက်သွားပြီး ဘရွှန်နှင့် စကားပြောလေ့ရှိသည်။

ထိုနေ့ကလည်း တခြားသောနေ့များကဲ့သို့လိုပင်။ ဂျူဟိုက အင်္ဂလိပ်ဖတ်စာအုပ်မှ စာများကို ဖတ်နေခဲ့သည်။ အိပ်မက်များအကြောင်းဖြစ်သည်။ အနာဂတ်သက်မွေးဝမ်းကျောင်းဆိုင်ရာ ရည်ညွှန်းချက်များ ဖြစ်သည်။ လူတစ်ယောက်အိပ်စက်နေခြင်းမှ မက်သည့် အိပ်မက်များအကြောင်း မဟုတ်သလို (သို့) လူတစ်ယောက်၏ ဘဝမှ စိတ်ကူးအိပ်မက်များအကြောင်းလည်း မဟုတ်ပေ။

သိပ်မကြာသေးသည့်အချိန်တုန်းက ဆောကွမ်နှင့် စကားပြောဖြစ်ကြသည့် အကြောင်းကို ပြန်တွေးကြည့်နေခဲ့သည်။

“ဝတ္ထုရေးဆရာတစ်ယောက်ဖြစ်ချင်တာ ဘယ်လိုမျိုးလဲ?” ဆောကွမ်မေးလိုက်သည်။ တချို့သောအကြောင်းပြချက်များကြောင့် သူ၏အသံက စိတ်လှုပ်ရှားနေခဲ့သည်။

ဂျူဟို သူ့ကိုတချက်လေးစိုက်ကြည့်ပြီးနောက် မေးလိုက်သည်။ “မင်းလုပ်ချင်တာမျိုး မဟုတ်ဘူးလား?”

“ရသစာပေကလပ်ရဲ့ တစိတ်တပိုင်းဖြစ်နေရတာကို ပျော်နေတယ်။ ငါမျှော်လင့်ထားတာထက် ပိုပြီးတော့။”

ဤသည်မှာ မှန်ပေသည်။ နောက်ပိုင်းတွင် သူပိုပျော်ရွှင်လာတာကို တွေ့ရသည်။ ‘ဝတ္ထုရေးဆရာ….. ဟန်!? သူနဲ့လိုက်တယ်။'
“အဲ့ဒါက မင်းလိုလိုလားလားဖြစ်ချင်တာဆိုရင် ဖြစ်အောင်လုပ်ပေါ့။ ငါထောက်ခံပေးမယ်။”

“ခုချိန်ထိ ငါဆုံးဖြတ်ချက် ကောင်းကောင်းမချရသေးပါဘူး။”
မရေမရာဖြေလိုက်သည်ဆိုသော်လည်း ဆောကွမ်၏မျက်လုံးများက တလက်လက်တောက်ပနေခဲ့သည်။

“ဘာကြီးလဲ?”
အခြားသောနေ့များလို နေ့တစ်နေ့ဆိုပေမယ့်လည်း ဂျူဟိုကတော့ တစ်ခုခုက ကွဲပြားနေပြီဟု ထင်ခဲ့သည်။ အခုနောက်ပိုင်း ဆောကွမ်က ထူးထူးဆန်းဆန်းပြုမူနေခဲ့သည်။ တချို့အချိန်များတွင် ဆောကွမ်က သူ့ကို အကြာကြီးစိုက်ကြည့်နေသည်ဟု ခံစားနေရသည်။ တခါတရံ နောက်လှည့်ပြီး ဗြောင်ကျကျနှင့် ထိုင်ခုံနောက်မှီကို ခွထိုင်တတ်လေ့ရှိသည်။ သူ၏နောက်ကျောကပ်လျက်တွင် ထိုင်နေသည့် လူတစ်ယောက်အနေနှင့် ဂျူဟိုနည်းနည်းတော့ သက်တောင့်သက်သာမရှိပေ။
“ဘာလဲ?”
သူ၏ပါးကို သူကုတ်နေခဲ့သည်။ အရမ်းကြီးနီးကပ်နေသလို ခံစားနေရသည်။
“ဘာလို့ငါ့ကို အဲ့လိုကြည့်နေရတာလဲ? ငါချစ်စရာကောင်းတယ်လို့ ထင်နေတာလား?”
ဂျူဟို၏ ရွှတ်နောက်နောက်ဟာသပြောလိုက်သော်လည်း ဆောကွမ်၏မျက်နှာက လုံးဝကို တည်တည်တံ့တံ့ရှိနေဆဲ ဖြစ်သည်။ ပုံမှန်အားဖြင့် သူနောက်ပြောင်လေ့ရှိတတ်သည်ဆိုသော်လည်း.. သေးသေးလေးပဲ နောက်တတ်တယ်ဆိုသော်လည်း.. ဂျူဟိုကို လုံးဝရူးသွားစေခဲ့သည်။

You've reached the end of published parts.

⏰ Last updated: Feb 19, 2021 ⏰

Add this story to your Library to get notified about new parts!

The Great Storyteller (Unicode)Where stories live. Discover now