"ဒီနားက တနေရာရာမှာပဲ။"
ဂျူဟို လမ်းပျောက်နေခဲ့သည်။ ရုတ်တရက်ကြီး ရောက်ချလာသည့် အစီအစဉ်ကြောင့် သူအမြန်ထွက်လာခဲ့ရသည်။ စာပေထုတ်ဝေရေးနယ်မြေပိုင်းကို သူရောက်လာခဲ့သော်လည်း အနီးပတ်ဝန်းကျင်တွင် စာအုပ်ကဖေးဆိုင် အများကြီးရှိသောကြောင့် ချိန်းဆိုထားသည့်နေရာကို ရှာတွေ့ဖို့ ခက်ခဲနေခဲ့သည်။ ထို့ကြောင့် သူ၏လက်ကိုင်ဖုန်းကို ထုတ်လိုက်ပြီး လမ်းညွှန်ပေးဖို့ရန် နမ်ဂျောန်းကို ဖုန်းခေါ်လိုက်သည်။ ဖုန်းထဲမှ လမ်းညွှန်ချက်အတိုင်းလာခဲ့ပြီး လမ်းကြားလေးထဲသို့ ဝင်လိုက်သည်။"ဟေ့... ငါဒီဘက်မှာ!"
နမ်ဂျောန်းက အဆောက်အဦးတစ်ခု၏ရှေ့တွင် လက်ဝှေ့ယမ်းပြနေခဲ့သည်။ အရှေ့မျက်နှာစာတစ်ခုလုံး မှန်များနှင့် တည်ဆောက်ထားသည့် ကော်ဖီဆိုင်တစ်ခု ဖြစ်သည်။ အပြာရောင်အချက်ပြ အမှတ်အသားလေးက ဂျူဟို မျက်စိရှေ့ရောက်လာခဲ့သည်။
**လမ်းညွှန်ဆိုင်းဘုတ်လိုမျိုးတွေကို ပြောချင်တာ ဖြစ်ပါလိမ့်မယ်။**"ကျွန်တော့်ကို ဒီလောက်မြန်မြန်ကြီး ထွက်လာခိုင်းမယ်လို့ မထင်ခဲ့ဘူး။"
"မစ္စတာအွန်းက စိတ်မြန်လက်မြန်လုပ်တဲ့သူလေ။"'ဟုတ်တယ်။' သူနှင့်တွေ့ဆုံဖို့ရန် ပြောလိုက်ကတည်းက ထိုကဲ့သို့သောသူမျိုးဖြစ်ကြောင်း ဂျူဟို ပြောနိုင်သည်။
သူနှင့် နမ်ဂျောန်း ကော်ဖီဆိုင်ထဲသို့ ဝင်သွားလိုက်သည်။ အတွင်းထဲမှ စီခင်းထားသည့် စာအုပ်များက သူ့ကို ဖမ်းစားလိုက်သည်။ ဤစာအုပ်ကဖေးဆိုင်က တခြားသောဆိုင်များထက် စာပေကဏ္ဍများကို ပိုတန်ဖိုးထား ထည့်သွင်းထားသည်။ စာပေထုတ်ဝေမှုနယ်ပယ်ထဲတွင် တည်ရှိနေသောကြောင့်လည်း ဖြစ်နိုင်သည်။
ပတ်ပတ်လည်ကို ကြည့်ပြီးနောက် အသက်သုံးဆယ်ဝန်းကျင်ထဲဟု ထင်ရသည့် အမျိုးသားတစ်ယောက်ကို ဂျူဟိုတွေ့လိုက်သည်။ ခပ်မတ်မတ်ထိုင်ကာ စာရေးနေပြီး သူ၏အာရုံထဲမှာပဲ လုံးဝနစ်မြှုပ်နေသည်။ သူ၏မျက်နှာထက်မှ ခံစားချက်ကင်းမဲ့နေသလို မျက်နှာထားအရ နည်းနည်းလေး စည်းကမ်းကြီးတတ်သည်ဟု ထင်ရစေသည်။
'အဲ့ဒါ အွန်းဒေါင်းဂီလ်ပဲ ဖြစ်ရမယ်။'
ESTÁS LEYENDO
The Great Storyteller (Unicode)
Fantasíaရသစာပေလောကသို့ ဝင်ရောက်မှု သမိုင်းကြောင်းတလျှောက်လုံးတွင် ယွန်ဝူး က အသက်အငယ်ဆုံး စာရေးဆရာတစ်ဦးဖြစ်သည်. သူ၏ပွဲဦးထွက်စာအုပ်မှာ အလွန်ပေါက်မြောက်အောင်မြင်ခဲ့သော်လည်း ထိုအချိန်လေးက မမျှော်လင့်ထားနိုင်လောက်အောင် တိုတောင်းခဲ့သည်။ တနေ့မှာတော့ အံ့အားသင့်ဖွယ်...