အခန်း (၁၄) စာအုပ်တွေကို ချစ်တဲ့ မိန်းမချောလေး

33 4 0
                                    

"အဓိကဇာတ်ကောင်ယွန်က စာရေးဆရာသူ့ကိုယ်သူအဖြစ် ဖန်တီးပြီး နာမည်ပေးထားတာပဲ။"

'မမှန်ပါဘူး.....' ဂျူဟိုတွေးလိုက်သည်။
"ထူးဆန်းပြီး နာမည်မဖော်လိုတဲ့ စာရေးဆရာနဲ့ ညဘက်တွေမှာမှ လှုပ်ရှားတဲ့ ဇာတ်ကောင်ကြားထဲမှာ သူတို့နှစ်ယောက်လုံးက ရတဲ့ ထင်မြင်ချက်တွေမှာ တူနေတာတွေ ရှိနေတယ်။

'ကောင်းတယ်။ ငါစိတ်အေးအေးထားလို့ရပြီ ထင်တယ်။'
ထိုအချက်ထိ ဂျူဟို စိတ်လက်ပေါ့ပါးစွာ နေနိုင်ခဲ့သည်။ ထိုဘလော့ဂ်က စာတိုလေးက စာရေးဆရာ၏ ဘဝအတွေ့အကြုံများကို အခြေတည်ပြီး ငှက်တစ်ကောင်၏ဇာတ်မြစ်ကို ရေးသားထားသည်ဟူသော အယူအဆနှင့် စတင်ခဲ့သည်။ ထိုဘလော့ဂ်တွင် စာရေးဆရာနှင့် စာအုပ်ထဲမှ ဇာတ်ကောင်တို့ နှစ်ယောက် သက်တူရွယ်တူဖြစ်နေသည့် အချက်ကို အလေးပေးရေးသားထားခဲ့သည်။

သို့သော်လည်း ဂျူဟို ရေးသားထားသည်က ဝတ္ထုတစ်ပုဒ်ဖြစ်သည်။ သူ၏ခေါင်းထဲမှ ထွက်ပေါ်လာခဲ့သော စိတ်ကူးစိတ်သန်း... ဖန်တီးထားသည့် ပုံပြင်တစ်ပုဒ်... စကားပြေ၏ စိတ်ဝိဉာဉ်ကို ကောင်းမွန်စွာ တန်ဆာဆင်ဖန်တီးထားသည့် လိမ်ညာမှုတစ်ခု... စာရေးဆရာ၏ အတွေ့အကြုံများက စာအရေးအသားထဲတွင် လွှမ်းမိုးမှုတချို့ရှိနေသည်ဟု ပြောဖို့ရန်က လုံးလုံးလျားလျားကြီးမတိကျသော်လည်း ထိုစာအုပ်က သူ၏ဘဝဇာတ်ကြောင်းတော့ မဟုတ်ပေ။

"ဒါဆို.. ဘယ်သူရေးတာလဲ?"
"အင်တာနက်ထဲက ဟုန်ဆမ်း ရေးတာ။"
ကံမကောင်းစွာနှင့်  ဟုန်ဆမ်းက ဒီထက်ပိုမမှားယွင်းနိုင်ပေ။ သို့တိုင်အောင် ကလေးများက တခြားတမျိုးကို တွေးနေသည်ဟု ထင်ရသည်။

"မှန်တယ်လို့ ထင်ရတာပဲ.. ထင်ကြဘူးလား?"
"ကောင်းကောင်းကြီးကို ငါတို့ သဘောကျနှစ်ခြိုက်ခဲ့တာပဲ။" ဆောကွမ်နှင့် ဆန်းဟွာက တစ်ယောက်နှင့်တစ်ယောက်ပြောလိုက်ကြသည်။
"ဘာတွေ ပြောနေတာလဲ? ငါတကယ်ကြီး မသိဘူး။"
ဘွန်း၏ စိတ်ဝင်တစားသိလိုစိတ်ကြောင့် ဘလော့ဂ်က တင်ထားသော ပိုစ့်၏ အကြမ်းဖျဉ်းကို ဆန်းဟွာက ရှင်းပြပေးလိုက်သည်။

ဟုန်ဆမ်း ပြောထားသည်က...
စာရေးဆရာမှာ အနုစိတ်ပြီး ထူးချွန်ထက်မြက်တဲ့ အရေးအသားပုံစံရှိတယ်။ သူအသက်ငယ်တယ်ဆိုပေမယ့်လည်း သူ့မှာ ထူးခြားတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ အများကြီးပဲ။ စာရေးသူက ပုံပြင်ကို ဖြေးဖြေးချင်း အထွတ်အထိပ်ကို မြင့်တင်သွားတယ်။ သူ့ရဲ့ လှည့်ဖြားနိုင်စွမ်းအပြည့်နဲ့ ရင့်ကျတ်တဲ့ အရေးအသားက အံ့အားသင့်ထိတ်လန့်ပြီး တော်တော်များများရဲ့ စိတ်ထဲထိရောက်စေတယ်။ ဒီစာအုပ်ရဲ့ စစ်မှန်တဲ့ အံ့သြစရာက စာဖတ်သူတွေကို ဆက်သွယ်ပေးနေတဲ့ စိတ်ခံစားချက်တွေပေါ်မှာ ရှိနေတယ်။

The Great Storyteller (Unicode)Wo Geschichten leben. Entdecke jetzt