လွန်ခဲ့သည့်ရက်အနည်းငယ်လောက်က လက်များအကြောခိုင်သွားသည်အထိ အချိန်ယူပြီး ရှုံးနိမ့်မှုများကို အဓိကထား ရေးသားနေခဲ့သည့်နေ့ကို ဂျူဟိုပြန်တွေးကြည့်လိုက်သည်။ တကိုယ်ကောင်းဆန်သည်ဆိုလျှင်တောင်မှ ထပ်ပြန်တလဲလဲ ပြန်ဖြစ်မည့် တစ်စုံတစ်ခုကို တားဆီးရန်အတွက် တစ်ခုခုတော့လုပ်ရမည်။ သို့နှင့် အယ်ဒီတာဆီ ချက်ချင်းဖုန်းခေါ်လိုက်သည်။
"ကျွန်တော် ပြောစရာ ရှိလို့ပါ။ အလုပ်ရှုပ်နေလား?"
"သတင်းဆိုးလား?"
"အဲ့ဒါက... နည်းနည်းတော့... အင်း...... အထူးအထွေတော့ မဟုတ်ပါဘူး။ အကူအညီတစ်ခုလောက် တောင်းချင်လို့ပါ။"
"ဘာအကူအညီလဲ?"ဂျူဟိုက သူ၏အခြေအနေကို တည်ငြိမ်စွာ ရှင်းပြလိုက်သည်။
"ရိုးရိုးသားသားပြောရရင် ဘာတွေဖြစ်နေလဲဆိုတာ ကျွန်တော်တကယ်နားမလည်ဘူးဗျ။ ကျွန်တော့်ကိုယ့်ကို တွေးကြည့်သလောက် ကျွန်တော့် စာအုပ်ကလည်း အဲ့လောက်ထိကြီးကောင်းတယ်လို့ မထင်ဘူးဗျ။ အဲ့လိုကို တွေးကြည့်လို့မရဘူး။ ကျွန်တော်က ကျောင်းသားတစ်ယောက်ပဲ ရှိသေးတယ်။ ပြီးတော့ ကျွန်တော့်ကို အာရုံလာစိုက်နေတာတွေက နည်းနည်းချင်းများလာနေတယ်။""အင်..."
အယ်ဒီတာက တိုးတိတ်စွာ ညီးတွားလိုက်သည်။
"မင်းရဲ့စာအုပ်ကို မင်းဘယ်လိုမြင်နေလဲတော့ ငါမသိဘူး။ ဒါပေမယ့် အဲ့ဒါက အားလုံးကို လွှမ်းမိုးနေတယ်ဆိုတာကိုတော့ ငါတကယ့်ကို သဘောတူတယ်။အာရုံစိုက်ခြင်းခံရတဲ့ လူအများစုက ငယ်ရွယ်တုန်း ကံမကောင်းတဲ့ ဘဝတွေမှာ နေထိုင်ခဲ့ရသူတွေချည်းပဲလေ။ ဘဝဇာတ်ကြောင်းတစ်ဝက်လောက်က ရှုံးနိမ့်မှုတွေချည်းပဲ။"သူ၏စကားလုံးများက ဂျူဟို၏ အသိတရားကို အနှောင့်အယှက် ဖြစ်စေသည်။ သို့သော်လည်း ဆက်လက်ပြီး
"ဒါဆို.... ဖြစ်နိုင်ရင်... အင်တာဗျူးတွေကို ကျွန်တော် ရှောင်နေချင်တယ်။ ကျွန်တော့်မျက်နှာကို လူတွေမသိစေချင်ဘူး။ ကျွန်တော် အေးဆေးတဲ့ ကျောင်းသားဘဝလေးကို လိုချင်တယ်။"စကားကိုကွေ့ဝိုက်မနေတော့ပဲ အဓိကအချက်ကိုသာ တည့်တည့် ပြောချလိုက်သည်။ ရှည်ကြာသည့် တိတ်ဆိတ်မှု ဖြစ်သွားခဲ့သည်။ အရောင်းမြှင့်တင်မှု၏ အဓိကအနေနှင့် သူမည်မျှ စွမ်းအားရှိနိုင်ကြောင်းကို ဂျူဟို နားလည်သဘောပေါက်သည်။ သို့သော်လည်း ရှုံးနိမ့်မှုများနှင့် ပင်ပန်းလွန်းသည့် ဘဝကြီးကို နောက်တစ်ကြိမ် ပြန်နေထိုင်ဖို့ရန် အကြောင်းရင်းမရှိတော့။ အမည်မဖော်ပဲ ရှိနေသည့် စာရေးဆရာများစွာလည်း ရှိနေသည်။ ထိုအရာက ဖြစ်နိုင်သည်ဆိုသည်ထက်ကို ပိုသည်။ ထုတ်ဝေရေး ကုမ္ပဏီအနေနှင့်တော့ ရှင်းလင်းချက်များစွာ လိုအပ်လောက်သော်လည်း လုပ်ပေးလိမ့်မည် ဖြစ်သည်။
ESTÁS LEYENDO
The Great Storyteller (Unicode)
Fantasíaရသစာပေလောကသို့ ဝင်ရောက်မှု သမိုင်းကြောင်းတလျှောက်လုံးတွင် ယွန်ဝူး က အသက်အငယ်ဆုံး စာရေးဆရာတစ်ဦးဖြစ်သည်. သူ၏ပွဲဦးထွက်စာအုပ်မှာ အလွန်ပေါက်မြောက်အောင်မြင်ခဲ့သော်လည်း ထိုအချိန်လေးက မမျှော်လင့်ထားနိုင်လောက်အောင် တိုတောင်းခဲ့သည်။ တနေ့မှာတော့ အံ့အားသင့်ဖွယ်...