အခန်း (၂၅) အဆုံးထိ အာရုံစိုက်

34 9 0
                                    

ဆရာမွန်း၏မျက်နှာကို ဂျူဟိုဂရုစိုက်ပြီး စူးစမ်းလိုက်သည်။ သူက ယွန်ဝူးဖြစ်နိုင်သည့်အကြောင်းကို သံသယရှိဟန် မပေါ်ပေ။ ထို့နောက် ဂျူဟိုက ဖြေးဖြေးချင်းနှုတ်ခမ်းဖွင့်လိုက်သည်။
"ကျွန်တော် စာရေးတာကို တော်တော်လေး သဘောကျပါတယ်။"
"ပညာရှင်ပီပီ ကျွမ်းကျွမ်းကျင်ကျင်ရေးတတ်ဖို့ သင်ခဲ့ဖူးလား?"
"မသင်ခဲ့ဖူးပါဘူး။"
"စာတွေအများကြီး ဖတ်တာလား?"
"မကြာမကြာတော့ ဖတ်ပါတယ်။ ဆောကွမ်လောက်ကြီးတော့ မဖတ်ဖြစ်ပါဘူး။"
"... ...  ငါ့မျက်စိထဲမှာတောင်မှ သူကအလွန်အကျွံဖြစ်နေတယ်။ ရူးသွပ်တယ်ဆိုတာထက်ကိုပိုတယ်။"

စင်္ကြန်လမ်းတစ်လျှောက် သူတို့၏ခြေသံများသာ ကြားနေရသည်။ အချိန်တိုလေးအတွင်းမှာပဲ သူတို့သိပ္ပံခန်းရှေ့သို့ ရောက်ရှိလာခဲ့သည်။ ဆရာမွန်းက
"ကောင်းပြီ။ ဒီနေ့ မင်းရဲ့အဆုံးသတ်မှာ နည်းနည်းပိုပြီးတော့ ပြင်းပြင်းထန်ထန်ကြိုးစားလိုက်ကြည့်ပါဦး။"

ထို့နောက် တံခါးကို တွန်းဖွင့်လိုက်သည်။ ဂျူဟိုနှင့် ဆရာမွန်းမှလွဲ၍ လူတိုင်း ရောက်ရှိနေကြပြီး ဖြစ်သည်။ အားလုံးက ထိုင်နေရင်း သူတို့ကို လှည့်ကြည့်လာကြသည်။ ဂျူဟိုက သူ၏ထိုင်ခုံသို့ သွားနေစဉ် ဆောကွမ်က
"မင်းဘာလို့နောက်ကျနေလဲဆိုတာ သိချင်လိုက်တယ်။ ဆရာမွန်းနဲ့ မင်းအတူလာခဲ့တာလား?"
"အင်.. ငါတို့လမ်းမှာ ဆုံကြတာ။"

ဂျူဟို၏ ထိုင်ခုံရှေ့တွင် ဟိုးနေ့က သူရေးထားခဲ့သည့် စာရွက်ရှိနေသည်။ စာရွက်များထက် ရေးသားထားသော မှတ်ချက် စသည့် တစ်ခုခုရှိမလားဟု အပေါ်ယံကြည့်ကြည့်လိုက်သည်။ သို့သော်လည်း စာရွက်များက မထိမတွေ့ခံထားရသည့်အတိုင်း ရှိနေခဲ့သည်။

ဆရာမွန်း "မင်းတို့ရေးထားတာတွေကို ဖတ်ရတာ ငါသဘောကျပါတယ်။ ဒီမှာရှိတဲ့သူတွေက အရည်အချင်းမပြည့်မှီတဲ့အထဲတော့ မပါကြဘူးပဲ။ မင်းတို့အားလုံး ငါမျှော်လင့်ထားတာထက် ပိုကောင်းကြတယ်။"
"အရည်အချင်းမမှီတာ?"

"ကတာတို့ သီချင်းဆိုတာတို့လိုမျိုး မင်းတို့ စာရေးသားတာမှ မပိုင်နိုင်တာမျိုး ဖြစ်နိုင်တယ်။" ဆရာမွန်းက ဆောကွမ်မေးတာကို ဖြေပြီး ပြန်ဆက်ပြောလိုက်သည်။ ဆရာမွန်း၏အဖြေကိုလည်း သူတိတ်ဆိတ်စွာ လက်ခံလိုက်သည်။

The Great Storyteller (Unicode)Hikayelerin yaşadığı yer. Şimdi keşfedin