အခန်း (၂) ပြန်လည် စတင်ခြင်း

126 15 0
                                    

"ဂျူဟို... ထမင်းလာစား!"
အတိတ်ကနေ ဂျူဟို ပြန်ရောက်လာခဲ့သည်မှာ ရက်အတော်ကြာခဲ့ပြီ ဖြစ်သည်။ အခုချိန်မှာ ပြန်လည်ရင်းနှီးနေပြီဖြစ်သည့် အသံကို ကြားလိုက်ရသည်။ ဂျူဟိုက ဧည့်ခန်းထဲမှနေ၍ မီးဖိုခန်းအတွင်း၌ အလုပ်ရှုပ်နေသော မိခင်၏နောက်ကျောကို ကြည့်နေသည်။ မီးဖိုခန်းဆီသို့ လျှောက်သွားလိုက်ပြီး အမေ၏ပုခုံးထက်သို့ ခေါင်းတင်လိုက်သည်။ လွမ်းဆွတ်နေခဲ့ရသည့်.... ထိုကိုယ်သင်းနံ့လေး...

"အခုနောက်ပိုင်း ခါတိုင်းနဲ့ မတူတော့သလိုပဲ။ ဘာဖြစ်နေတာလဲ?"
"အဲ့လိုမဟုတ်ပါဘူး။"
"မဟုတ်ဘူး? အဲ့ဆို ဘာဖြစ်တာလဲ? ပြောစမ်းပါ။"
သူ၏ပြဿနာကို ဖြေရှင်းပေးရန်အတွက် မိခင်ဆီမှ မေးမြန်းသံကို ကြားလိုက်ရသဖြင့် ဂျူဟို မျက်ရည်များကို အတော်ထိန်းချုပ်ထားလိုက်ရသည်။

စီးပွားရေးလောကထဲတွင် သူ၏ကြိုးပမ်းမှု ရှုံးနိမ့်ပြီးနောက် အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့ပြီး ရင်းနှီးလိုက်သည့် ရှယ်ယာများမှာလည်း စုန်းစုန်းမြှုပ်သွားခဲ့သည်။ ရှက်ရွံ့မှုများစွာနှင့် ကျေးလက်တွင် နေထိုင်နေသော အသက်ကြီးနေပြီဖြစ်သည့် အငြိမ်းစားမိဘများဆီ သွားလည်သည့် အကြိမ်တိုင်း သူလိမ်ညာခဲ့ရသည်။

ပန်းခြံများတွင် သူ့ကိုယ်သူသစ်ရွက်များနှင့် ဖုံးအုပ်နေပြီး မြေအောက်ဘူတာများတွင် အိပ်စက်ခဲ့ရသည်။ စွပ်ပြုတ်ဆိုင်တွင် အဆာပြေအတွက် စားသောက်ခဲ့ရသည်။ မနက်ဖြန်ရောက်လာမည်ကို ဂျူဟို သေမလောက် ကြောက်ခဲ့သည်။ ထိုအချိန်တုန်းက သူအလယ်တန်းကျောင်းသားဖြစ်ခဲ့သည့်နှစ်များနှင့် ကွာခြားသွားမှု ဘာမှမရှိ။ အနာဂတ်အတွက် စိုးထိတ်နေထိုင်ခဲ့ရသည်။ နေ့ရက်များက စက်ဆုပ်ရွံရှာဖွယ်အတိနှင့် ကြောက်မက်ဖွယ်ကောင်းနေသည်။ အသက်ငါးဆယ်ပြည့်ခါနီးမှာတော့ အလယ်တန်းကျောင်းသားတုန်းထက်တောင် ပိုအားနည်းနေသည့် ကိုယ်အကြောင်းကို ထပ်မတွေးတောရဲတော့။ ထို့နောက်မှာတော့ သူလွတ်မြောက်နိုင်မည့် လမ်းကို ရှာမတွေ့နိုင်သည်က ပို၍ခြောက်လှန့်လာခဲ့သည်။

"အမေ။"
"ဘာလဲ?"
"ဘာမှ မဟုတ်ဘူး။"
ကျောကို ပွတ်သပ်ပေးလေ့ရှိသည့် အမေ၏လက်ထဲတွင် သူစိတ်တည်ငြိမ်လာပြီးနောက် မေးလိုက်သည်။
"ကျွန်တော့်စာအုပ်တွေ အရမ်းရောင်းကောင်းနေတာ မေမေ ပျော်လား?"
"ဒါပေါ့... ငါ့သားလေးရဲ့ အောင်မြင်မှုပဲ။"
"စောင့်ကြည့်နေလိုက်! အဲ့ဒါက TV တွေမှာ ဇာတ်လမ်းတွေ ဖြစ်သွားလိမ့်မယ်။ အခြားဘာသာစကား ခုနှစ်မျိုးလောက်အထိကို ပြန်ဆိုကြလိမ့်မယ်။"
"အိပ်မက်မက်နေတာလား? မင်း အောင်ပွဲခံတာ အရမ်းမစောသင့်ဘူး။"
"အဲ့လိုဖြစ်သွားတာလား။"

The Great Storyteller (Unicode)Where stories live. Discover now