အခန်း (၁၆) ရသစာပေကလပ်၏ တစ်ဦးတည်းသော အနုပညာရှင်

28 7 0
                                    

"လုံးလုံးကြီးတော့ မဟုတ်ပါဘူး။ ဒါက ရသစာပေကလပ်မှန်း ငါသိပါတယ်။ လျှောက်လွှာကိုတောင် ကိုယ်တိုင်တင်ခဲ့တာပါ။"
"အဲ့ဒါဆို.. ဘာက မှားတာလဲ?"
"မင်းဘာလို့ တောက်လျှောက်ကြီးမေးနေရတာလဲ?"

"ဆရာမွန်း ကျွန်တော်တို့ကို သင်ပေးထားတဲ့အတိုင်း မေးကြည့်ကြည့်တာပါ။" ဂျူဟိုရွှတ်နောက်နောက်ဖြေလိုက်သည်။ ဘရွှန်က စိတ်မသက်သာတော့ဘူးဆိုရင် သေချာပေါက် ထပ်ပြီးတော့ တူးဆွဖို့ရည်ရွယ်ချက် သူ့မှာဘယ်ရှိတော့ပါ့မလဲ။
"စိတ်မသက်သာဖြစ်သွားပြီလား?"

ဂျူဟို ဘရွှန်မျက်နှာထက်မှ ခြောက်သွေ့နေသည့် မျက်နှာထားကို မြင်လိုက်ရသည်။ စိတ်ညစ်ညူးနေသည်ဟု မထင်ရသလို (သို့) ဒီနေရာတွင် ရှိနေသည်ဟုလည်း မခံစားရပေ။

ဘရွှန်ဆီမှ သက်ပြင်းချသံသေးသေးလေးကြားလိုက်ရပြီးနောက်
"စိတ်ဒုက္ခရောက်တာနဲ့ ပိုတူတယ်။ အထူးသဖြင့် မင်းကြောင့်။"
"ကျွန်တော်ဘာလုပ်ခဲ့လို့လဲ?"

လိုရင်းအချက်ကို မသွားခင် သူ့ကို ဤမျှအာရုံထားစိုက်ကြည့်နေသည့် ဂျူဟိုကို မြင်ပြီးနောက် ဘရွှန်က စက္ကန့်ပိုင်းလောက် အချိန်ယူလိုက်ပြီး ဆက်ကာ
"မင်းကကွဲပြားတယ်ဆိုရင် ထူးခြားနေတဲ့သူပဲ။"
နည်းနည်းတော့ ဂေါက်တောက်တောက်အဖြေတစ်ခု ဖြစ်ခဲ့သည်။

"ပြီးတော့ မင်းရုန်းကန်နေတဲ့အချိန်မှာ မင်းတစ်ယောက်တည်းပဲရှိတာ။ ငါ့ရဲ့အသားအရောင်ကြောင့် တခြားသူတွေထက် အကြိမ်များစွာ ပိုပြီးတော့ ခက်ခက်ခဲခဲကြိုးစားခဲ့ရတယ်။" သူထပ်ပြောလိုက်သည်။
'တစ်ယောက်တည်း မကျန်ရစ်ခဲ့ရအောင်။' ဘရွှန်နှုတ်ခမ်းမှ ထုတ်မပြောလိုက်သည့် စကားလုံးများကိုပါ ဂျူဟို ကြားလိုက်ရသည်။

ဘရွှန်က သူ့၏အကြောင်းကို ဆက်လိုက်သည်။
"တူညီတဲ့ ကျောင်းဝတ်စုံကို ဝတ်ဆင်ထားတာက မလုံလောက်ဘူး။ တူညီတဲ့အစာကို စားရင်လည်း မလုံလောက်သေးဘူး။ မင်းတကယ်ရောနှောနေချင်တယ်ဆိုရင် တခြားလူတွေလိုမျိုးပဲ ကြည့်ရတယ်။ နားထောင်ရတယ်။ အရာတစ်ခုကို ကြိုက်တာ မကြိုက်တာ ရှိရတယ်။ ရယ်စရာမကောင်းတဲ့ တစ်ခုကို ရယ်မောဖို့ စိန်ခေါ်ရတာမျိုး ဒါမှမဟုတ် ငါသဘောမကျတဲ့ အရာတစ်ခု.. လူတစ်ယောက်ယောက် အဲ့ဒါကို ဝေဖန်အပြစ်ဖို့ရတာက လွယ်တာတော့ မဟုတ်ဘူး။ အဲ့ဒါကသည်းခံတာပဲ။ နေ့တနေ့ရဲ့ အဆုံးမှာ ငါလည်း သူငယ်ချင်းတွေ ရှိလာပြီးတော့ ငါ့ရဲ့ကျောင်းသားဘဝကလည်း ပျော်ရွှင်စရာကောင်းလာနိုင်တယ်။"

The Great Storyteller (Unicode)Where stories live. Discover now