"တစ်ယောက်ယောက်က ဖိနပ်နဲ့ နင်းချလိုက်ပါလား! သူရဲကောင်းတစ်ယောက် ဖြစ်ဖို့ အခွင့်အရေးပဲ!"
"အာ! ငါကြောက်တယ်!"
"တစ်ယောက်ယောက် သတ်ပေးကြပါ!"
လူသားများဆီမှ ရန်လိုစိတ်ကို ခံစားမိနေသည့်အလား ကင်းခြေများက ပို၍လျင်မြန်စွာ ရွေ့လျားနေတော့သည်။ သို့သော်လည်း ဆိုးရွားလွန်းသည့် လမ်းကြောင်းဆီသို့သာ ဦးတည်နေခဲ့သည်။ ရေတွက်မရနိုင်သည့် ခြေချောင်းများက ရပ်နားမှုမရှိပဲ ရွေ့လျားနေသည့်အချိန် ကျောင်းသားများကလည်း အော်ဟစ်ပြေးလွှားနေကြသည်။ တချို့ကလည်း အကွာအဝေးတစ်ခုကနေ ခပ်စိမ်းစိမ်းကြည့်နေကြသည်။ စင်္ကြန်လမ်းတစ်လျှောက်လုံး ပိုမိုရှုပ်ရှုက်ခတ်လာခဲ့သည်။"ဘေးဖယ်။"
ထိုအချိန်တွင် ကျောင်းသားတစ်ယောက်က ဖိနပ်ကို ချွတ်လိုက်ပြီး ကင်းခြေများရှိရာသို့ စိုက်ကြည့်ပြီး ဦးတည်လျှောက်သွားလိုက်သည်။ သူ၏သူငယ်ချင်းများနှင့် တူသော လူတစ်စုက ပုံကြီးချဲ့ကာ သြဘာပေးနေကြသည်။ လက်ထဲတွင် ဖိနပ်ကိုင်ထားသော ကောင်လေးက ရွှတ်နောက်နောက်ဖြစ်နေသည်။ တွေဝေမှုတစက်လေးမှ မရှိပဲ ကင်းခြေများနားသို့ ချဉ်းကပ်လိုက်ပြီး သူ၏လက်ကို မြှောက်လိုက်သည်။ သူ၏အောက်မှာက ကင်းခြေများလေး.....ဂျူဟိုက တားဆီးရန် သူ့အနားသို့ သွားလိုက်သည်။
"နေဦး!"
ထိုအသံက ဂျူဟိုထံမှ မဟုတ်ပေ။ ကျယ်လောင်သော အသံကြောင့် အနည်းငယ်ကြောင်အသွားကြသည့်အချိန်မှာ ကောင်လေးက သူ၏လှုပ်ရှားမှုကို ရပ်တန့်လိုက်သည်။ အခြားသူများကလည်း စကားပြောနေရာမှ ရပ်လိုက်ကြသည်။နိုင်ငံခြားသားဆရာတစ်ယောက်... သူ့ကို ဂျိမ်းစ်လို့ လူအများသိကြသည်။ သူ၏ကိုရီးယားစကားက နည်းနည်းတော့ အဆင်မပြေဖြစ်နေဆဲ ဖြစ်သည်။ ကျောင်းသားအများစုက သူတို့နှင့် စကားပြောပြီး တိုက်ခိုက်ဖို့ ကြိုးစားလာမည်ကို စိုးရိမ်မှုများနှင့် ကြောက်လန့်နေကြသည်။ ထိုကျောင်းသားများအတွက် အင်္ဂလိပ်စာဆိုသည်မှာ ကင်းခြေများထက်တောင် ပို၍ကြောက်စရာကောင်းနေသည်။
အတန်းချိန်အတွက် ပြင်ဆင်ရန် လာနေသည့် လမ်းကြောင်းတစ်လျှောက်တွင် ပထမနှစ်အထပ်၌ ကျောင်းသားအုပ်ကြီးကို မြင်လိုက်သဖြင့် ဂျိမ်းစ်က သူတို့အနားသို့ ရောက်လာခြင်းဖြစ်သည်။ ပျာယာခတ်စွာနှင့် ဖိနပ်ကို ကိုင်ထားသော ကျောင်းသားလေးက စကားလုံးများ ပြောဖို့ ကြိုးစားလိုက်သည်။ သြဘာပေးနေကြသော အခြားသူများ၊ အော်ဟစ်နေကြသော ကျောင်းသားများက အရပ်မြင့်မြင့် နိုင်ငံခြားသားဆရာကို ဝိုင်းအုံစိုက်ကြည့်နေကြသည်။ သူတို့အားလုံး တစ်ယောက်ယောက်က သူ့ကို ရှင်းပြချက်ပေးနိုင်ဖို့ မျှော်လင့်နေကြသည်။
STAI LEGGENDO
The Great Storyteller (Unicode)
Fantasyရသစာပေလောကသို့ ဝင်ရောက်မှု သမိုင်းကြောင်းတလျှောက်လုံးတွင် ယွန်ဝူး က အသက်အငယ်ဆုံး စာရေးဆရာတစ်ဦးဖြစ်သည်. သူ၏ပွဲဦးထွက်စာအုပ်မှာ အလွန်ပေါက်မြောက်အောင်မြင်ခဲ့သော်လည်း ထိုအချိန်လေးက မမျှော်လင့်ထားနိုင်လောက်အောင် တိုတောင်းခဲ့သည်။ တနေ့မှာတော့ အံ့အားသင့်ဖွယ်...