အခန်း (၂၂) အနာတရ၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်၊ ဖျက်ရလွယ်သော မာကာ

33 9 0
                                    

"စကားကွင်းဆက် စမယ်! နောက်တစ်ယောက်။"
"ဟန်? ကျွန်တော်?"
ဆရာမွန်းဆီမှ ရုတ်တရက်အခေါ်ခံလိုက်ရသော်လည်း ဆောကွမ်က စကားတစ်လုံးကို တည်ငြိမ်စွာ တွေးထားခဲ့ပြီး ဖြစ်သည်။ ဂျူဟိုကတော့ ရှုပ်ထွေးနေခဲ့သည်။ ဤကဲ့သို့ တခုခုကို ရုတ်တရက်ကြီးစတင်နိုင်သည့် တစ်စုံတစ်ယောက်အနေနှင့် ဆရာမွန်းကတော့ တည်ငြိမ်စွာရှိနေခဲ့သည်။ သူ၏လက်ထဲတွင် မြေဖြူလေးကို ကိုင်လျက် ဆောကွမ်၏အဖြေကို စောင့်နေခဲ့သည်။ 

"ကျွန်တော် ဒဏ်ရာရခဲ့တယ်။"
ထို့နောက် ဆောကွမ်က ဂျူဟိုကို ကြည့်လိုက်သည်။ ဆရာမွန်း၏မျက်နှာကို စူးစမ်းကြည့်နေရင်း ဆောကွမ်နောက် ဂျူဟိုဆက်ပြောလိုက်သည်။
"ကိုယ်ပိုင်ဆုံးဖြတ်ခွင့် "

ထို့နောက် သူက ဘရွှန်ကို ကြည့်လိုက်သည်။ ဘရွှန်က လေ့ကျင့်ရေးတွင် ပါဝင်နေရသဖြင့် မကျေမနပ်ဖြစ်နေရင်း ပြောလိုက်သည်။
"ဖျက်ရလွယ်တဲ့ မာကာ။"

E-trans - 유성펜 ဆိုတာက ဖျက်မရတဲ့ မာကာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်ုပ်ကတော့ တစ်ခုပြီး တစ်ခုဆက်ရတဲ့အတွက် ဖျက်လို့ရတဲ့ မာကာအနေနဲ့ပဲ သွားပါမယ်။

"OK! ငါတို့ ဒီမှာရပ်ကြမယ်။"
ဂိမ်း၏အဆုံးသတ်ကလည်း စတင်ခဲ့တုန်းကလိုပဲ ရုတ်တရက်ဆန်သည်။ လူတိုင်းက ဆရာမွန်းကို ကြည့်လိုက်ကြပြီး ရှင်းပြချက်ကို စောင့်နေကြသည်။ ဆရာမွန်းက ကျောက်သင်ပုန်းထက်တွင် စကားလုံးသုံးလုံးကို ချရေးလိုက်ပြီး ကလပ်အဖွဲ့ဝင်များကို ကြည့်လိုက်သည်။

"အခုက စပြီးတော့ ဒီစကားလုံးသုံးလုံးကို သုံးပြီး တစ်ခုခုကို ရေးရမယ်။"
"ဘာကြီး?!" ဆန်းဟွာ ကျယ်လောင်စွာ အော်လိုက်သည်။
တခြားသူများက တိတ်ဆိတ်နေကြသည် ဆိုသော်လည်း သူတို့၏မျက်နှာက ကြည်လင်နေသည်တော့ မဟုတ်။ ဘရွှန်တောင်မှ အံ့အားသင့်နေသည်။ သို့သော်လည်း ဂျူဟိုကတော့ ပုံမှန်အတိုင်း တည်ငြိမ်အေးဆေးနေသည်။

အကြံပြုထားသည့် ခေါင်းစဉ်ကို အခြေခံပြီး ရေးသားခြင်းက ပုံမှန်အားဖြင့် စာစီစာကုံးရေးသားမှုများတွင် အသုံးပြုသည့် နည်းလမ်းများ ဖြစ်သည်။ ဟုတ်တာပေါ့။ စကားကွင်းဆက်က မြောက်များစွာသော ခေါင်းစဉ်များကို ဖြစ်ပေါ်လာသည့် ဆိုးဆိုးဝါးဝါးနည်းလမ်းကြီး ဖြစ်သည်။ ဆရာမွန်း၏ ကြံဖန်ဖန် တီထွင်နိုင်စွမ်းကို ကျေးဇူးတင်ရမည်။ ရလဒ်က ဘယ်လိုမှကို အဓိပ္ပါယ်ဆက်စပ်မှုမရှိနေသည့် အနာတရဖြစ်ခြင်း၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နှင့် ဖျက်ရလွယ်သော မာကာ...

The Great Storyteller (Unicode)Where stories live. Discover now