Chapter 64

2.3K 378 7
                                    

ZAWGYI

နန်းတွင်းထဲက တစ်ယောက်?

  ထိုသတင်းကြောင့် သခင်မကြီးနဲ့ ဟေးချန်ကျူးတို့ အကြည့်ဖလှယ်မိလိုက်ကြသည်။

   အိမ်တော်ရဲ့သခင်ကြီးကလည်း နယ်စပ်ကိုရောက်နေတဲ့အတွက် အိမ်တော်ကိစ္စအဝဝကို ဆက်ခံသူကအစားဦးဆောင်လုပ်နေရတာဖြစ်သည်။ သူတို့မိသားစုလေးက နန်းတွင်းထဲက ဧည့်သည်လာလည်ရလောက်အောင် အာဏာမရှိပေ။ သခင်မကြီးဟေးနဲ့ ဧကရီတို့က ရင်းနှီးတဲ့မိတ်ဆွေတွေ ဖြစ်နေပေမယ့်လည်း သခင်မကြီးသာ နန်းတွင်းထဲ သွားလည်ချင်ရင် အရင်ဆုံး စာတစ်စောင်ပို့ရမှာဖြစ်ပြီး ပြန်စာပြန်ရမှသာ သွားရတာဖြစ်သည်။

    သူတို့ရဲ့ အံ့သြနေတဲ့ပုံတွေကြောင့် အစေခံလဲ့က မြန်မြန်လေး အသေးစိတ်ပြောပြလိုက်သည်။
   " အစောင့်ပြောတာက အတွင်းဆောင်က ရာထူးမြင့်ကုန်းကုန်းတွေထဲက တစ်ယောက်တဲ့ ။ သူလာရတဲ့အကြောင်းရင်းက တော်ဝင်ဘွဲ့တခုကို ယူလာပေးတာပါတဲ့"

ဘာ?

တော်ဝင်ဘွဲ့တစ်ခု?

  အဲ့ဒါက သူတို့ကို ပိုလို့တောင် တုန်လှုပ်သွားစေသည်။

  ကျင်းအန်အိမ်တော်က ဘယ်သခင်တွေကမှ အခုလိုမျိုး တော်ဝင်ဘွဲ့တစ်ခုရအောင် ထိုက်ထိုက်တန်တန် လုပ်ထားတာမျိုး မရှိဘူးလေ ။

  သူတို့လည်း အရမ်းကို စိတ်ရှုပ်ထွေးနေပေမယ့်လည်း သခင်မကြီးဟေးက အိမ်တော်ထဲ သခင်တိုင်းကို အပြင်ဧည့်ဆောင်မှာ လာကြဖို့ ခေါ်လိုက်သည်။

  တခဏအတွင်းမှာပဲ ဟေးမိသားစုဝင်တွေ အကုန်ရောက်လာကြပြီး အပြင်ဆောင်အတွင်းမှာပဲ ဘုရင့်အမိန့်ကို နာခံဖို့အတွက် ဒူးထောက်ထိုင်လိုက်ကြသည်။ အဆင့်အတိုင်းပဲ ချူးလျန်က သခင်မကျိုးအနောက်မှာ ဒူးထောက်လိုက်သည်။

   ချူးလျန်လည်း နောက်ဘာဖြစ်လာမလဲ သိရအောင် လည်ဆန့်ပြီး အကဲခတ်လိုက်သည်။ ကုန်းကုန်းကလည်း ရှိသမျှ လူတွေကို တချက်ဝေ့ကြည့်လိုက်ပြီးမှ ကိုယ်ကိုမတ် , သူ့အကျီ်လက်ကို သေချာပြင်ပြီးမှ အဆင့်နိမ့်ကုန်းကုန်းလေး ကိုင်ထားတဲ့ ဗန်းထဲက အဝါရောင်တော်ဝင်အမိန့်စာကို ယူလိုက်သည်။

{ကံကြမ္မာ စေရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now