ZAWGYI
# Translated by Irisbellar
ချူးလန် ခေါင်းငြိမ့်ပြခဲ့သည်။ အသေအချာပါပဲ။ သူမရဲ့ ယောက္ခမ ကို ရှေ့လျောက် ပိုဂရုစိုက်တော့မည် ဖြစ်သည်။ သခင်မလဲ့နှင့် သိပ်မတွေ့ဖြစ်ခဲ့ပေမယ့်လဲ သူမက ရိုးသား ဖြောင့်မတ် ပြီး ကြင်နာ သနားတတ်တယ် ဆိုတာ ချူးလန် လုံးဝ ယုံကြည်ပါသည်။သူမက ဖြူစင်တဲ့သူ မဟုတ်ခဲ့ရင် ဟေးသခင်မကြီး က သူမအဆောင်ကို ခနခနကိုယ်တိုင် သွားလည်ဖို့ ညွှန်ပေးခဲ့မှာမဟုတ်ဘူးလေ။ သခင်မကြီးကလည်း သူမကို အရမ်းဂရုစိုက်ပေးနေတော့..
ချူးလန်တို့နှစ်ယောက် လမ်းလျှောက် ပြီးသွားတော့ ကျင်းချီ ခန်းမ ကို ပြန်လှည့်လာခဲ့ကြသည်။ အချိန်ကတော့ နေ့လည်စာ စားချိန်
ရောက်တော့မည် ဖြစ်သည်။အထိန်းတော်လဲ့ လဲ သခင်မလေးနှစ်ယောက် ရောက်လာကြတာကို မြင်၍ အစေခံတွေကို အစားများ စတင်တည်ခင်းဖို့ ညွှန်ကြားလိုက်သည်။
အမကျိုးရဲ့ သမီးလေးနှစ်ယောက်ကိုလည်း
ကလေးထိန်းများဖြင့် ခေါ်လာစေခဲ့ပြီး အတူ ထိုင်ခိုင်းထားလိုက်သည်။အစေခံများ၏ အကူညီ ဖြင့် ဟေးသခင်မကြီးလဲ သူမနေရာ၌ အသာအယာ ထိုင်လိုက်သည်။စားပွဲတစ်ခုလုံး ဟင်းပွဲများဖြင့် ပြည့်သွားခဲ့လေသည်။သို့ပေမယ့် ပျော်ရွှင်စရာ စားသောက်ပွဲ ဖြစ်နေပေမယ့်လဲ ဟေးသခင်မကြီးက သက်ပြင်းချ လိုက်သည်။
" ငါတို့ မိသားစုဝင် အမျိုးသမီး တွေအားလုံး တွေ့ရတယ်။ မင်းတို့ရဲ့အမေ ကလွဲရင်ပေါ့။ တကယ်လို့ သူမသာ ဒီမှာ အတူတူ ထိုင်နိုင်ခဲ့ရင်....."
သခင်မကြီးရဲ့ စကားအဆုံးမှာတော့ တစ်ဝိုင်းလုံးက တိတ်ဆိတ်ငြိမ်သက် သွားခဲ့ပါတော့သည်။ အစေခံလဲ့ လဲ မပျော်ရွယ်ဖွယ် အခြေအနေကို သတိထားမိပြီး အလျင်အမြန် အကြောင်းအရာကို ပြောင်းပြောခဲ့လိုက်သည်။
" သခင်မကြီး.. ကြည့်ပါဦး ဒီနေ့ (hasma) ပါတယ်နော်"
{ Google ကရှာကြည့်တာတော့ Hasmaက
ဖားတွေရဲ့ အမမျိုးဥပြွန်အနားက အဆီခြောက် tissue တွေကနေ လုပ်ထားတဲ့ အချို ပွဲအဖြစ်စားရတဲ့ဟာမျိုးပါ .. ဈေးလည်းအရမ်းကြီးပါတယ်တဲ့ (×_×) }
YOU ARE READING
{ကံကြမ္မာ စေရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}
Historical FictionTitle :Transmigrator meets reincanator ချူးလျန်ဟာ သူမ ဖတ်နေတဲ့ ဝတ္ထု ထဲကို (အချိန်ခရီးသွား) ရောက်သွားပြီး ဇာတ်လိုက်မ နေရာကို ရသွားတယ် ဝတ္ထု ထဲမှာ ဇာတ်လိုက်မက သူ့ယောက်ျား(အရံဇာတ်ကောင်) ကိုမချစ်ပဲ လက်ထပ်ခဲ့ပြီး နောက်ကွယ်မှာ ဖောက်ပြန်ခဲ့တယ် ထိုသူရဲ့ဘဝ...