Chapter 79

1.8K 328 8
                                    

<Unicode>
Chapter 79: ထောင်ချောက်

    ချူ းလျန်က သူမရဲ့ ဘယ်လက်မှာ လတ်ဆတ်တဲ့မက်မွန်သီးကို ကိုင်ထားဆဲဖြစ်ပြီး ညာဘက်လက်မှာတော့ အခွံနွှာဓားကို ကိုင်ထားသည်။သူမက အစောက အော်လိုက်တဲ့ သူမရဲ့ဘေးက အစေခံကို ခေါင်းငဲ့ကြည့်လိုက်သည်။ သူမရဲ့မျက်လုံးတွေကတော့ တောက်ပကြည်လင်နေသည်။

   အစေခံမရဲ့ အသံက စူးရှလှသည်။သူမရဲ့ကြောက်လန့်နေချိန်မှာတောင် ငိုသံတချက်မပြုပဲ အော်နေတုန်းပင်။ သူမက နောက်ဆုတ်လိုက်တော့ ကြောက်လန့်မှုကြောင့် ကိုယ့်အဝတ်စကိုယ်တက်နင်းမိပြီး သနားဖွယ်ကောင်းစွာ လဲကျသွားတော့သည်။ချက်ချင်းဆိုသလို
Tingyu ဥယာဉ်ကြီးက ဘုရားကျောင်းသဖွယ် တိတ်ကျသွားသည်။ အစေခံက အသိပြန်ဝင်လာတော့ သူမမျက်နာက ချက်ချင်း ဖြူ ဖျော့သွားသည်။ နောက်တချိန်မှာတော့ သူမက ဒူးတုတ်ထထိုင်လျက် သူမရှေ့က ကြီးမြတ်တဲ့ပုဂ္ဂိုလ်သုံးယောက်ကို သနားညှာတာမှုပေးဖို့အတွက် အဆက်မပြတ် အရိုသေပေး တောင်းပန်နေတော့သည်။

   " ဒီ... ဒီအစေခံက သေဖို့သင့်ပါတယ် ! အရှင်တို့ရှေ့မှောက်မှာ မဆင်ခြင်ခဲ့တဲ့အတွက် ဒီအစေခံသေသင့်ပါတယ်! ကျေးဇူးပြု ပြီးတော့ သနားညှာတာမှုပေးပါ အရှင်တို့! "

     ချူ းလျန်ရဲ့အကြည့်က ကြမ်းပြင်နဲ့ကိုယ် တသားထဲ ကပ်လျက် တောင်းပန်တို့လျှိ့နေတဲ့ အစေခံဆီကို ရောက်သွားသည်။ သူမရဲ့ အယ်လ်မွန်ပုံ မျက်ဝန်းထဲမှာ အေးစက်မှုတချိူ့ ဖြတ်ပြေးသွားသည်။ ထို့နောက် သူမက မက်မွန်သီးနဲ့ ဓား တို့ကို စားပွဲပေါ် တင်ထားလိုက်သည်။

   ထိုကျယ်လောင်သည့်အော်သံက ဘန်ရှီးငိုသံလိုပင်။  ချူ းလျန်လည်း ဘေးဘက်သို့ သွားပြီး တိတ်တိတ်ပဲ ရပ်နေလိုက်သည်။ တကယ်လို့ သူမသာ အချိန်မီ မတုံ့ပြန်နိုင်ခဲ့ရင် ၊ သူမသာ ထိုခေတ်ကာလက မိန်းကလေးတွေထက် စိတ်မသန်မာခဲ့ရင် အခုလိုအော်ဟစ်နေရတဲ့သူက သူမသာ ဖြစ်နေလိမ့်မည်။ဧကရာဇ်ရဲ့ ရှေ့မှာ တုန်ရီစွာနဲ့ တောင်းပန်တိုးလျှိနေရတဲ့သူက သူမသာ ဖြစ်နေလိမ့်မည် !

     အစောတုန်းက စိတ်ကြည်လင်နေတဲ့ ဧကရာဇ်က ထိုစူးရှရှမိန်းမဆန်တဲ့ အော်သံကြောင့် ချက်ချင်း စိတ်တိုသွားပြီး သူ့ရဲ့ မျက်နာကလည်း မဲမှောင်သွားသည်။ ဧကရာဇ်ဆီကနေ စိမ့်ထွကိနေတဲ့ အေးစက်မှုအရောင်အဝါတို့ကြောင့် ဧကရီနဲ့ ကိုယ်လုပ်တော်ဝေပင်လျှင် မသက်မသာဖြစ်နေကြသည်။

{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now