ZAWGYI
Chapter 7: Eating Venison (1)
:သမင်သားစားခြင်းချူးလျန် မုန့်တဖက်လောက် လက်ဖြင့်ညှပ်ယူ၍ မြည်းကြည့်လိုက်သည်။ မချိုလွန်း မချဉ်လွန်းနှင့် စိတ်ကိုလန်းဆန်းစေပြီး အီစိမ့်နေသည့်အရသာကို ဖြန်ဖြေရန် လုံလောက်သည်။ ဝါးနေစဉ် ပျားရည်ရဲ့အရသာကိုလည်း ခံစားရသည်။သူမမျို လိုက်ပြီး သူမရဲ့ပါးစပ်ဟာ လိမ္မော်ရနံ့လေး စွဲထင်နေခဲ့သည်။ရှီးရန်က ပထမဆုံး လုပ်တာ ဖြစ်၍ သူမ သကြားပိုထည့်မိပေမယ့် ကောင်းကောင်းတော့ လုပ်တတ်သည်။
ရှီးယန်ကလည်း ချူးလျန်ရဲ့ အမူအယာကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်နေပြီး အကဲဖြတ်ပေးလာမှာကို စောင့်နေသည်။
ချူးလျန်လည်း တခုစားကြည့်ပြီး ညင်သာယာစွာ ပြုံးပြလျက် ခေါင်းငြိမ့်ပြလာသည်။
" အားလုံးပဲ တယောက်တခုလောက် စားကြည့်ကြ ! ".ကျန်သုံးယောက်ကလည်း မျက်လုံးကျယ်ကျယ်ဖွင့်လျက် အစထဲက ကြည့်နေကြတာ ဖြစ်သည်။ ချူးလျန်ရဲ့ စကားကြားတာနဲ့ နောက်မကျစတမ်း တစ်ခုစီ ယူစားကြည့်ကြသည်။
ရှီးယန် အခန်းထဲ ဝင်လာထဲက ထို လိမ္မော်ယိုက သူတို့ကို ဆွဲဆောင်နေတာ ဖြစ်သည်။လိမ္မော်သီးက ဒီအတိုင်းစားရင် ချဉ်ပြီး
အသီးမျိုးပေါ်မူတည်ပြီး ပိုတောင်ပိုနိုင်သည်။
သို့သော် ယခုကဲ့သို့ ပြင်ဆင်လိုက်သော် အရသာစူးပြီး အချဉ်စူးတာတွေက ပျောက်သွားသည်။ထိုအစား ထူးခြား ကောင်းမွန်တဲ့ ရနဲ့ အရသာတို့ကို ခံစားနိုင်သည်။အစေခံများဟာ သေချာ စားကြည့်ပြီး မျက်လုံးများ ချကိချင်း တောက်ပသွားသည်။
မင်ယန်ဟာ အဆက်မပြတ် ခေါင်းငြိမ့်ပြနေသည်။ဒီအခိုက်အတန့်ကတော့ ချူးလျန်ကို အလွယ်တကူ ရှက်ရွံ့သွားစေသည်။မျှော်လင့်ထားတဲ့အတိုင်းပဲ .. ဖရုံကိတ်ကို အစားထိုး လှဲနိုင်မယ့် မုန့်မပေါ်သေးတော့ သူတို့က အဲ့မုန့်ကိုပဲ အကောင်းဆုံးလို့ပြောကြလိမ့်မယ် ။ ဒါပေမယ့် ချူးလျန်ရဲ့ 'လျှိ့ဝှက်နည်းလမ်း' ကို လိုက်ပြီး လုပ်ထားတဲ့ မုန့်ကိုစားပြီးတဲ့
အခါမှာတော့ ထိုအစေခံများလည်း ချူးလျန်က
အဲ့ကိတ်မုန့်တွေက အဲ့သလောက်လည်း မကောင်းပါဘူးလို့ ပြောသည်ကို နားလည်လာသည်။
YOU ARE READING
{ကံကြမ္မာ စေရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}
Historical FictionTitle :Transmigrator meets reincanator ချူးလျန်ဟာ သူမ ဖတ်နေတဲ့ ဝတ္ထု ထဲကို (အချိန်ခရီးသွား) ရောက်သွားပြီး ဇာတ်လိုက်မ နေရာကို ရသွားတယ် ဝတ္ထု ထဲမှာ ဇာတ်လိုက်မက သူ့ယောက်ျား(အရံဇာတ်ကောင်) ကိုမချစ်ပဲ လက်ထပ်ခဲ့ပြီး နောက်ကွယ်မှာ ဖောက်ပြန်ခဲ့တယ် ထိုသူရဲ့ဘဝ...