Chapter 96+97

2K 334 21
                                    

Zawgyi

Chapter 96: Promotion

     မြို့စားအိုကတော်ကို ခစားတဲ့ အစေခံခေါင်းက မြို့စားအိုရဲ့အနောက်မှာ ရပ်နေပြီး သူမလည်း ထိုမြင်ကွင်းကို ကောင်းကောင်းဖမ်းမိလိုက်သည်။

    ထိုရက်တွေတုန်းက ဆက်ခံသူကျန်းက အမြဲလိုလို မြို့စားအိုကျန်းဆီကို မနက်စာအတွက် လာတတ်သည်။

  အရင်တုန်းကတော့ အမျိုးသမီးကျင်းယီ ချန်ထားခဲ့တဲ့ ထိုအစေခံက အစားအစာတွေ ပြင်ဆင်ပေးပြီးတာနဲ့ တိတ်တဆိတ်ပြန်သွားလေ့ရှိပြီး မြို့စားအိုက အခေါ်လွှတ်မှသာ ပြန်လာတတ်သည်။

  သို့ပေမယ့် ဆက်ခံသူကျန်းရောက်လာတဲ့အချိန်တိုင်း ထိုအစေခံက မပြန်ပဲနဲ့ စားပွဲဘေးမှာပဲ နေနေတော့သည်။

   ဆက်ခံသူကျန်းက အခန်းထဲကို ခြေချလာတာနဲ့ သူမက အခြားဘာအရာမှ မတည်ရှိသလို သခင်လေးကိုပဲ ကြည့်နေလိမ့်မည်။

   သူမရဲ့အကြံက အရမ်းသိသာနေတဲ့အတွက် အစေခံအိုတောင်မှပဲ နှာခေါင်းရှုံ့မိသည်။

     အစေခံအိုက သူမရဲ့နောက်လိုက်တွေကို မင်ယန်ချက်ပြုတ်နေချိန်မှာ ခိုးယူလေ့လာဖို့အတွက် မှာကြားထားသည်။ သို့ပေမယ့် မင်ယန်ကတော့ သူမ ချက်ပြုတ်တော့မယ်ဆိုတာနဲ့ မီးဖိုချောင်ထဲက လူအားလုံးကို အပြင်ကို ထွက်စေပြီး မင်းတုံးတောင် ခံထားလိုက်သေးသည်။

   မင်ယန်ရှင်းပြလို့ပြီးတော့ မြို့စားအိုကျန်းက သူမကို ဝေ့ပြလိုက်ပြီး
  " မင်းသွားနိုင်ပြီ "

  "အာ? "
မင်ယန် သတိလက်လွှတ်ဖြစ်သွားပေမယ့် သူမက အမြန်ပြန်ထိန်းလိုက်ပြီး
  " ဒီအစေခံက သခင်ကြီးတို့ကို ခစားပေးရင်ကော? ကျင်းအန်အိမ်တော်မှာဆိုရင် သခင်မလေးက အစေခံတွေ ဘေးကနေ ပြုစုပေးတာကို အကြိုက်ဆုံးပဲ "

   အစေခံအိုက နှာခေါင်းရှုံ့လိုက်သည်။ နောက်ဆုံးတော့ အနှီအစေခံက အမျိုးသမီးကျင်းယီကို သတိရပြီပေါ့၊ ဒီအစားအစာတွေကို ရှင်းပြနေတုန်းကကော ဘာလို့ အမျိုးသမီးကျင်းယီကို ထည့်မပြောပါလိမ့်နော်?

   မြို့စားအိုကျန်းက မင်ယန်ကို မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်သည်။သူ့ရဲ့ လင်းယုံမျက်လုံးတွေက တဖက်လူကို အဆုံးထိရောက်အောင် ထိုနှက်နေသလိုပင်။

{ကံကြမ္မာ စေရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now