Chapter 84

1.8K 375 14
                                    

Zawgyi

Chapter 84: အရှုံးကို လက်မခံခြင်း

ချူးလျန်က နန်းတွင်းအစေခံငှဲ့ပေးတဲ့ ပန်းကိုးပွင့်ပျားရေကို ဇိမ်ခံသောက်နေရင်း ကြေညာသူရဲ့ အသံကိုကြားလိုက်တော့ သောက်ပြီးတဲ့ ရေတောင် ပြန်သီးထွက်မတတ်ဖြစ်သွားပြီး အဆုံးမှာတော့ အကြီးအကျယ် ချောင်းဆိုးနေရတော့သည်။

ဘာ? အနိုင်ရတဲ့သူက ကျင်းအန်အိမ်တော်?!

ကံကောင်းစွာနဲ့ပဲ သူတို့က အခန်းရဲ့ ထောင့်စွန်းနားလောက်မှာ ထိုင်နေကြတာဖြစ်တဲ့အတွက် သူမရဲ့အဖြစ်ကို သတိပြုမိတဲ့သူ သိပ်မရှိသွားပေ။

ရှိးယန်က လက်ကိုင်ပဝါတစ်ခုကို မြန်မြန်ကမ်းပေးလိုက်ပြီး စိတ်ပူစွာနဲ့ တီးတိုးပြောလိုက်သည်။
" သခင်မလေး အဆင်ပြေရဲ့လား?"

ချူးလျန်လည်း အဆင်ပြေကြောင်း လက်ယမ်းပြလိုက်သည်။

ထိုအချိန်မှာ ထိုခန်းမထဲက လူအများစုက ကျင်းအန်အိမ်တော်က လူတွေရှိတဲ့ဘက်ကို လှည့်ကြည့်ကြသည်။တခဏလောက် နေပြီးတော့မှ အချို့ သခင်မတွေက သခင်မကြီးဟေးကို ဂုဏ်ပြုစကားဆိုကြတော့သည်။

သခင်မကြီးဟေးကလည်း စက္ကန့်အနည်းငယ်လောက်ကို စွံ့အနေတုန်းပင်။ သို့ပေမယ့် သူတို့ဆီကို ဦးတည်လာတဲ့ ဂုဏ်ပြုစကားတွေကို ခံယူဖို့ သူ့မြေးချွေးမကို အချိန်မီ လက်တို့လိုက်နိုင်သေးသည်။

သခင်မပန်က သူတို့ရှေ့က စားပွဲမှာ ထိုင်နေတာဖြစ်သည်။ သူမနဲ့ မျှထိုင်တဲ့သူတွေက သူမအမျိုးသားရဲ့ မိတ်ဆွေဖြစ်သည့် သခင်မယန် ပင်။

သခင်မပန်ရဲ့ ပတ်ဝန်းကျင်က ကို့ရို့ကားယားနိုင်စွာနဲ့ အေးစက်နေသည်။

ကြေညာခြင်းအမှု မစတင်ခင်တုန်းကတောင် သူမဘေးနားက လူတွေက သူမကို ဝိုင်းဝန်းချီးကျူးနေကြသေးတာပင်။သို့ပေမယ့် ယခု အနိုင်ရသူက ပန်အိမ်တော်မဟုတ်တာကြောင့် အစောက စကားတွေက သခင်မပန်ကို ဖြတ်ရိုက်လိုက်သလိုပင်။

စကားလွန်ထားကြတဲ့ သခင်မတွေကလည်း ပါးစပ်ပိတ် ခေါင်းငုံ့သာ လုပ်နေကြတော့သည်။ သူတို့က သူတို့ထိုနေရာမှာ မရှိသလို အကောင်းဆုံး နေနေကြတာပင်။

{ကံကြမ္မာ စေရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now