Part-1

4.6K 160 4
                                    

" မား ကျန့်ကျန့် ဆိုင်ကယ် လိုချင် လို့ "

* မျက်နှာ ကို အစွမ်းကုန် ငယ်ပီး မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ် နဲ့ ပြောလိုက်တာ..
ဘာပြန်ပြောတယ် ထင်လဲ..
အားကြီးနဲ့ *


"ဘာလုပ်မှာလဲ ၊ စီးလည်း မစီးတက်ဘဲနဲ့..။"

* ..ငကျန့် တို့ အကြောင်း ဒီအမေ က နောကျေ နေပြီ
လိုချင်တာ များ ရှိရင် မျက်နှာငယ် လေးနဲ့
ဒီတခါ တော့ ဆောရီး ပဲ သားလေး .. *

"မားကလည်း စီးတက်ချင်လို့ ဝယ်ခိုင်းတာပေါ့..လို့..။"

"အလုပ်မရှုပ်နဲ့ ကျန့်ကျန့်
ဟိုတလော ကလည်း စက်ဘီး ရောဂါ ထ လို့ ဝယ်ပေးပြီးပြီ...။
မစီးဘဲ ချောင်ထိုး ထားပြီးတော့
အခုလည်း ဆိုင်ကယ် တဲ့..။
နိုးနော် ကျန့်ကျန့် ဝယ်မပေးဘူး..။"

"မားကလည်း အဲ့စက်ဘီးက သားစီးတာ မခံချင်လို့တဲ့
အဲ့တာကြောင့် သားက
သူ့ဘာသာအေးဆေး နေရအောင် ခြံထဲ ထားတာ."

"ပရမ်းပတာ တွေပါအေ..
စက်ဘီး မစီးတက်ဘဲ တက်ခွတာ
အရှိန်လွန်ပြီး လမ်းထိပ်က မြောင်းထဲ ပြုတ်ကျ တာလေး ထည့်ပြောပါအုံး...။
ကလေးတွေ ဝိုင်းဟားလို့ စက်ဘီး ကို စိတ်နာပြီး မစီးတော့တာ ကိုများ..။"

"မား !!
မား အော်တာနဲ့ တစ်ရက်ကွက်လုံး သိကုန်တော့မှာပဲ.."

"အောင်မာ ရှက်တယ်လား ဟုတ်လား သိ သိ ပေါ့. ။
နင့် သူငယ်ချင်း တွေ နဲ့ ပေါင်းပြီး
ဒင်းမ​ပြည့် ကျပ်မပြည့်တဲ့ အလုပ်တွေ လုပ်နေတာလည်း ရပ်တန်းက ရပ်နော် ငကျန့်
လူတွေက ဖြင့် 30 နား ကပ်နေပြီ..
တစ်ပတ်တစ်ခါ စုံရင် ပေါက်ကရတွေ စု လုပ်ကြတုန်း.."

"မား နော်
သား သူငယ်ချင်း တွေ ကို မပြောပါနဲ့
သူများ ရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်ချင်တာလား မားက"

" ..အမလေး ဖြစ်ရလေ
နောက်တခါ နင့် သူငယ်ချင်း တွေ လာရင် ရိုက်လွှတ်မှာ ကျန့်ကျန့်
နင်တို့ ဘာသာ ရက်ကွက် အပြင်ဘက် တဲထိုး နေကြ
လွတ်လွတ်လပ်လပ် ပဲ
လေများ ဒလဟော ဝင်နေမှာ.."

" ..မားကလေ စိတ်ကောင်းလေး မွေးစမ်းပါ
သူများ သားသမီးကိုလည်း ရိုက်ချင်နေတာပဲ..။
ပြီးတော့
ကိုယ့်သားလေး ကို အပြင်မှာ ထားရက်တယ်ပေါ့"

Pretty boyWhere stories live. Discover now