Part-2

1.7K 123 6
                                    


သာယာသော နေ့လေး တစ်နေ့ပါပဲ..။

မားမား လာမနှိုးသေးရင် ပြောပါတယ်..။

"..ကျန့်ကျန့် ရေ သားလေး မထသေးဘူးလား.."
*ဒါက ပထမ တခါ .ဆွိသေးတယ်..*

"..ကျန့်ကျန့် ရေ ထပါတော့ဟ...""
*.ဒါဆို စိတ်မရှည် တော့ဘူး.*

"ငကျန့်ရေ ထတော့ဆို
နေကဖင်ထိုးရင်ရုံတင် မဟုတ်ဘူး
ဖင်ထဲ ပါ ဝင်တော့မယ်....."

*...ဒါဆိုရင် အခြေနေ မကောင်းတော့ဘူး..*

"မားရာ စိတ်ဆိုးတာ မပြေသေးဘူးနော်
ကိုယ့်သားလေး ကို ဘာ ငကျန့် လဲ"

"..ငကျန့် မဟုတ် လို့ င ကြွက်လား နင်က
ထပါတော့ဆို မား စျေးသွားမလို့ အရှေ့လာထိုင်နေစမ်း"

"..အိမ်မှာ ကောင်မလေးတွေ ရှိနေတာ ပဲ ကို
အရှေ့ထွက်ထိုင် ပြီး ဘာလုပ်ရမှာတုန်း... ."

"..သူတို့ကို ပါစျေးခေါ်သွားမှာလေ
ဝယ်စရာတွေ များလို့
.နာရီ လေး ဘာလေး ကြည့်ပါအုံး
၉ နာရီ ထိုးတော့မယ်.. ဒါ လူ ထ တဲ့ အချိန်လား
မနက်စာ စား ပြီး အိမ် အလုပ်လေး ဘာလေး လုပ်လေ.."

"မားရာ ရုံးပိတ်ရက်လေး အိပ်ပါတယ်..ပြောဆိုနေတာပဲ..
၉နာရီ က
လူ ထ တဲ့ အချိန် မဟုတ်ဘူး
နတ်သားလေး ထ တဲ့ အချိန်.. "

​သူ့ မားမားကို အော်ပြောပြီး စောင်ပုံ ထဲ ဝင်ခွေနေပြန်ရော.။

".ကျန့်ကျန့် ရေ ငါတို့ လာပြီဟေ့....."

*လာပါပြီ ဗရုတ်သုတ်ခ အဖွဲ့
အဖွဲ့ခေါင်းဆောင်ကအိပ်ယာပေါ်မှာ စက်တော်ခေါ်တုန်း..*

".ရှောင်မားမား..ကျန့်ကျန့် ရော.."

".မင်းတို့ ကျန့်ကျန့် ကို
နှိုးနေတာ ပေကပ်ကပ် နဲ့ မထဘူး..။
အသေကောင် ကို နှိုးတာ မှ ကျမ အသံ နားငြီးလို့ ဆိုပြီး
ထ အုံးမယ်
ဒင်းများ အပျင်းကြီးချက်...."

"..ထပြီ ထပြီ တကယ် ပါပဲ
မားမား တို့များ...."

".ဘာတုန်း ငါက ဘာဖြစ်တုန်း.."

"..ဘာမှမဖြစ်ပါဘူး စျေးကို ကြွလို့ရပါပြီလို့"

"ဟင်းး.နော်.ဟင်းဟင်း ပဲ ပြောမယ်..။"

Pretty boyDonde viven las historias. Descúbrelo ahora