Part_ 18

365 19 3
                                    


"Hello..အဟမ်း..အဟမ်း."

"Hello..ဟုတ်ကဲ့
ပေကျင်းရဲဌာန ရဲ့ ဒုရဲအုပ် ရှောင်းရှင်းချန် ပြောနေပါတယ်။"

"ဟဲ့ ရှောင်ရှောင်  ကိုယ့်အမေ အသံတောင် မမှတ်မိတော့ဘူးလား။"

"ဟာ..မား"

"မားမနေနဲ့ ဒီညနေ အိမ်ပြန်လာခဲ့။
နင့်မှာ အိမ်မရှိ ယာမရှိတဲ့
ကလေကချေလေး ကျလို့။
အိမ်မပြန်လာတာ ဘယ်လောက်ကြာပြီလဲ..ဟမ်။
ငါ့မှာ ကိုယ့်သားလေး မျက်နှာ ကြည့်ချင်ရင်
ဧည့်ခန်းက ဓာတ်ပုံပဲ ပြေးကြည့်ရတယ့် အဖြစ်။"

"သားလည်း မားကို သတိရပါတယ် ဗျာ။
သား အမှုဖိုင်တွေ စစ်ရဦးမှာ...မို့လို့
နောက်အပတ်ကျရင် သေချာပေါက်..."

"တော်...!!
ဆင်ခြေ ဆင်လက် ဆင်နားရွက် တွေ လာ မပေးနဲ့ ။
နောက်အပတ် နောက်အပတ်နဲ့
ရိုက်စားလုပ်လာတာတွေ
များနေပြီနော် ရှောင်ရှင်းချန် ။
ငါနဲ့ နင့်အဖေ အလုပ်ကိစ္စ နဲ့ ကမ်းခြေဘက် ၃ ရက်လောက် သွားစရာ ရှိတယ်။
နင့်ခေါ်လည်း လိုက်မှာ မဟုတ်ဘူး မလား။
အဲ့တော့ အိမ်စောင့် လုပ်ပြီး နေခဲ့တော့.
ရှောင်ရှောင်။"

"ဟာ..!!.မားကလည်းဗျာ..။"

"ဘာလဲ လိုက်ချင်လို့ လား...။"

"မလိုက်ချင်ပါဘူး
အဲ့ ရှောင်ရှောင် ဆိုတာကြီး မခေါ်ပါနဲ့ဆို ဗျာ...
သား အရွယ်ရောက်နေပြီ..။"

"ဘယ် အရွယ် ရောက်ရောက်ဟယ်
ရှောင်ရှောင် ဆိုတဲ့ နာမည်က ငယ်ငယ်လေး ကတည်းက ခေါ်လာတာ။
ချစ်စရာလေး ပါ ။ အေး ပြောပြီးပြီ နော်
မလိုက်ချင်ရင် ဒီညနေ ပြန်လာ...။
ရှောင်ကိုယ်တော်ချော
ရောက်တာနဲ့ ကျနော်မျိုးမ တို့က တန်း သွားမှာ..။"

"ဟာ..ပြီးရောဗျာ
မားတို့က တကယ်ပဲ။
အလုပ်တွေ အများကြီး ပါ ဆိုမှ။"

"အမလေး ရှောင်ရှောင် ရယ်
နင် တစ်ရက် အမှုမစစ်လိုက်တာနဲ့
တရုတ်ပြည်ကြီး က ကပ်ဆိုက်မှာ မို့လို့လား ။"

"ခဏနေ ရုံးဆင်းရင် လာခဲ့ပါ့မယ်ဗျာ...ဟုတ်ပြီလား ..။"

"အေး သားလေး တာ့တာ။"

မားတို့နဲ့ အဲ့တာတွေ ခက်တာပဲ။
လိုချင်တာ ရရင် သားလေး သားလေးနဲ့
သူငယ်ချင်း လို့ကို မပြောရဘူး ။
သူ့အမေလည်း ရှောင်းကျန့် အမေ နဲ့ အတူတူပဲ။

Pretty boyWhere stories live. Discover now