Part- 13

403 28 2
                                    

Part-8 မှ အဆက်...

ဝမ်နင် Side's

နာရီ ကို တစ်ချက် ကြည့်မိတော့

"ဟာ..၁၂နာရီ တောင် ခွဲ တော့မယ်.."

ဟိုလူ ကို ဒေါသထွက် ပြီး စိတ်ပေါက်ပေါက် နဲ့
ဆေးမှတ်တမ်းတွေ ထိုင်ဖတ်နေလိုက်တာ..
အချိန်တောင် အဲ့လောက် ရှိသွားပြီ.... ။

"ဒီနေ့ကျမှ ဘယ်သူမှ လည်း ထမင်းစားဖို့ လာမခေါ်ပါ့လား...။"

နေ့လည်စာ အလွတ်ခံလို့ မဖြစ်တာကြောင့်
ဝမ်နင် အခန်းထဲ က ထွက်လာခဲ့သည်.... ။
သူ အောက်ရောက်မှ ပြေးလာကြတဲ့ သူတွေကြောင့်
လန့်တောင် လန့်သွားသည်...။

ဘာဖြစ်ကြတာလဲ... ??

"ဒေါက်တာ ဝမ်နင်!!... ဘာဖြစ်သွားသေးလဲ"

"ကျနော် ဘာမှ မဖြစ်ပါဘူး"

"မဟုတ်သေးပါဘူး.ဒေါက်တာ ရယ်..
စုန့်သခင်လေး က ဒီတိုင်း အလှ ထိုင်ကြည့်မှာ
မှ မဟုတ်တာ ကို.."

"သူ့ ဒေါသ က အစိုးမရဘူး..
တနေရာရာတော့ တခုခု လုပ်သွားမှာ ပဲ..."

"ဒေါက်တာ ဝမ်နင် ကျနော် တို့ က လုပ်ဖော်ကိုင်ဖက်အချင်းချင်းတွေ ပဲ..
အားမနာပါနဲ့ ပြောပါဗျာ.."

"ဒါမှမဟုတ် လူမမြင်တဲ့ နေရာများ.ထိုးကြိတ်သွားတာလား..မသိဘူး..."

***ဟမ်....သူတို့ ဘာတွေ ပြောနေတာလဲ**

"ဒီမယ် ဒေါက်တာ တို့..
ကျနော့် ကို ရှင်းပြစမ်းပါဦး
အခု ဘာဖြစ်နေတာလဲ ဆိုတာ..။
ကျနော် တစ်ကိုယ်လုံး အကောင်းတိုင်း ပါပဲ ဗျာ...။"

"ဒီလိုဗျာ..
ဒေါက်တာ.. ဂိုဏ်းကြီး ထဲ က သခင်လေး ကို တာဝန်ယူ ဆေးကုပေးရတာမလား...VIP Room က လေ"

"လူနာ..ဟွိုက်ဆန်း ကို ပြောတာ လား "

"ဟုတ်တယ်ဟုတ်တယ်
သူက တကယ် တော့.. နာမည်အရမ်းကြီးပြီး ကြောက်စရာကောင်းတယ့် Satan ဂိုဏ်းက ဗျ..။
အဲ့ ဂိုဏ်း က သခင်လေး တွေ ထဲ က တစ်ယောက် ပေါ့..
တခု ကံကောင်းတာက ဒေါက်တာ ဝမ်နင် ကုပေးနေတဲ့ သခင်လေး က အအေးဆုံးပဲ..။
တခြား သခင်လေး တွေ က အရမ်း ရက်စက်ပြီး ကြမ်းတမ်းကြတာ.. ။
မနက် က လာတဲ့ တစ်ယောက် က ပိုဆိုးတယ်... ။"

Pretty boyWhere stories live. Discover now