မနက် ၉ နာရီ ထိုးနေပြီ ဖြစ်သော်လည်း Doctor ဝမ်းနင် တစ်ယောက် ကတော့ဖြင့် ဆေးရုံ သွားရန် စိတ်မကူးသေးချေ။
ဆိုဖာ ကြီး ပေါ် ပက်လန်လန်ကာ..
"အားး!!!
တစ်သက် နဲ့ တစ်ကိုယ် ဆေးရုံ သွားရမှာ ကို ကြောက်မိတာ ပထမဆုံးပဲ...။"ငါ...ငါ...ကြောက်တယ်။
ဒီလို ဂန်းစတား မာဖီးယား ခေါင်းဆောင်
တောင်းမယ့် အကြွေးက ၅၀ တန် ချိုချဉ် မဟုတ်တာတော့ လုံးဝကြီး သေချာတယ်။ငါ့ကို သူ့လူတွေ နဲ့ ဖမ်းချုပ်ခိုင်းပြီး
မြေအောက်ခန်းထဲ ပိတ်ထားရင်ရော..ပြီးမှ
ဖြေးဖြေးချင်း ညှင်းပြီး သတ်ရင်ရော ..မျက်လုံး ထဲ တွင် ဇာတ်ကား တစ်ချို့၏
ဂန်းစတား များ ထံ မှ နှိပ်စက်ခံရသည့် ပုံများကို မြင်လာကာ
ကျောမှ စိမ့်တက်လာရသည်။ဘယ်လိုလုပ် ရ မလဲ။
နာရီ ကို ကြည့်မိတော့ ၉ နာရီ ခွဲ တော့မည်။
မဖြစ်သေးပါဘူး ။
တော်ကြာ အိမ်လိုက်လာရင် ပြဿနာ ။
ဆေးရုံ သွားရမလား မသွားရဘူးလား ဗျာများနေရင်း နောက်ဆုံးမှာတော့...
ဝမ်းနင်ရေ မင်းလုပ်တာ မင်းခံပဲ မတက်နိုင်ဘူး။
စိတ်ထဲ မှ ကိုယ့်ကိုကိုယ် အားပေးကာ ဆေးရုံ သွားဖို့ကို ဆုံးဖြတ်လိုက်သည်။~~>>>>>~~~~~>>>>>~~~~~>>>
"ဟာ...စုန်လန် ကော ကျနော့်ဆီ လာတာလား။"
"အေး Doctorလေး ရော ။"
ဟွိုက်ဆန်း သူ့ကို လူနာလာမေးသည့် စုန်လန်ကော ကို ကြည့်ပြီး ရီချင်လာသည်။
ဘယ်နှယ့် လူနာ ကို မမေးဘဲ ဆရာဝန် ကို မေးရတယ် လို့။"Doctor ဝမ်းနင် လား။
ခါတိုင်း ဆို အစောကြီး ရောက်နေကြပါ။
ဒီနေ့တော့ မရောက်သေးဘူး ဘာလို့လဲ မသိ။""အေး ရောက်ရင် ငါ့ဆီ ဖုန်ဆက်လိုက်
မင်းအကိုတော့ ဖူးခတ် ဘက် ရောက်နေတယ်။""ဟုတ်လား... ဘာသွားလုပ်တာလဲ။"
"ငါလည်း မသိပါဘူး
အရေးတကြီး ဖုန်းဆက်ပြောပြီး တန်းချသွားတာပဲ။"