မနက် အစောကြီး သာ ရှိသေးသော်လည်း
ကားတစ်စီးကမူ စေတန်ဂိုဏ်း သို့ အလောတကြီး မောင်းဝင်လာသည်။
ဧည့်ခန်း ထဲတွင် ဟွိုက်ခွမ်း နှင့်စုန့်လန် ထိုင်နေကြသည်။စုန့်လန် ကတော့ ညက ကိစ္စ ကို ပြန်စဥ်းစားနေမိသည်။
ညက page ကို စကားသွားပြောတော့
သူတို့ အခြေနေသည်
စောင်းကြိုးများလို မလျော့မတင်း ခပ်ညှင်းညှင်း တီးခတ်မှ ရမည့် အခြေနေမျိုး ဖြစ်နေသည်။သူ့စိတ် ဘယ်လို ဆိုတာ သိရက်နဲ့ သူငယ်ချင်း ဖြစ်ခွင့်ရတာ ကံကောင်းလွန်းသည် ဟု ကောင်မလေး က ပြောသည်။
တကယ်က ထိုသို့ မဟုတ်ခဲ့မှန်း ကောင်မလေး မသိခဲ့ပါ။
သူလေး အကြိုက် မုန့်နှင့် လက်ဆောင် ပစ္စည်း တချို့ကို ပေးဖို့လည်း ကောင်မလေးက တာဝန်ယူသည်။
လက်ဆောင် ကို အတော်စဥ်းစားလိုက်ရသည်။
အဓိပ်ပါယျ အများကြီး နှင့် ပေးမယ့် ပစ္စည်း ။
ထို ပစ္စည်း လေးသည် သူ့အတွက် ဆိုရင် ချစ်သက်လက်ဆောင်။
သူလေး အထင်မှာတော့ သူငယ်ချင်း က ပေးသည့် လက်ဆောင်။ပန်းချီကား လေး တစ်ချပ်.... ဖြူဆွတ်နေသည့် ပန်းလေး၏ ဘေးပတ်လည်တွင် အနက်ရောင် ဆူးခြုံများက ရစ်သိုင်းနေပြီး ထို ပန်းဖြူလေး ပေါ် တွင် နေရာင်က ငြိမ့်ငြိမ့်လေး ကျဆင်းနေသော ပုံ... ။
သူ့ရဲ့ အချစ်ကို ဆူးအပြည့်ဖြစ်သော အကာအရံ က ပုံဖော်ထားသည်။
စည်းခြားထားသောကြောင့် သူလေးနှင့် ယှဥ်တွဲ ဖူးပွင့်နိုင်မည့် ပန်းတစ်ပွင့်တော့ ဖြစ်ခွင့်မရချေ။
ဒါဟာလည်း ဖြစ်သည့်ပါသည်လေ။
သူလေး အနေနဲ့ ဆိုရင်တော့.... အဟင်း ။"Private Jet ကို ဂိုဏ်းအတွက်ပဲ သုံးမှာပါ ဆို...
ဟေ့ရောင်""အေးလေ အခုလည်း ဂိုဏ်းအတွက် သုံးတာပဲ။"
"လာ စား မနေနဲ့
မင်းကောင်လေး အတွက် သုံးတာ ငါသိတယ်။""Shit.!!.ဘာ မင်းကောင်လေး လဲ။
ငါက သူ့ကို ဖန်းအိမ်တော် ရန်ကနေ ခဏ ကာကွယ် ပေးထားတာ!!။
သူ့ကို ကာကွယ် တဲ့ အတွက် ငါတို့ ဂိုဏ်းအတွက်လည်း အကျိုး ရှိတယ်။"