Part_21

248 14 0
                                    

တောင်!!!

ရှောင်းကျန့် နေ့လည်စာ စားဖို့ လုပ်နေတုန်း မက်ဆေ့ ဝင်လို့ ဖွင့်အကြည့်

**ကိုကို အပြင်ခဏ ထွက်ခဲ့။**

"ကျစ််...လုပ်ပြန်ပြီ။"

အပြင်ကြည့်လိုက်တော့ ဝမ်ရိပေါ်ဆိုတဲ့ဟိုကောင်လေး။
ပြိုင်ကား အနီရောင် ပေါ်မှာ ပြုံးစစ မျက်နှာဘေးနှင့်
ဒီ ဝမ်ရိပေါ် ဆိုတဲ့ ကောင်လေးမှာ အလုပ်မရှိ ဘူးလား။
ဘာလို့ သူ့ကိုပဲ လိုက်ကပ်နေတာပါလိမ့်။

"ကိုကို..."

"မင်း..ဘာလဲ "

"ရော့..မုန့်လာပေးတာ"

"တော်ပါပြီ ငါ ထမင်းစား တော့ မလို့။"

"ကျနော် ပေးတာ ကြည့်လိုက်ဦး ယုန်နီလေး ရဲ့။
ထမင်းစား ပြီး အချိုလေး စားရအောင် မုန့်ဝယ်လာပေးတာ။
ဒီမှာ Green tea.
သောက်ဖြစ်အောင် သောက်နော်။"

"မင်း မှာ အလုပ်မရှိ ဘူးလား ဟင်။
ဘာလို့ တစ်ချိန်လုံး အားနေတာလဲ။"

"ကျနော် လား။
အားတယ်ရယ် လည်း မဟုတ်ဘူး။
အလုပ်မရှိ တာလည်း မဟုတ်ဘူး။
ကျနော့် အကြောင်းကုန်စင် ကို
ကိုကို သိဖို့ စောသေးတယ်။"

"ငါ သိချင်တယ်။
မင်း အကြောင်း ကို...။"

"ဒါဆို အဖြေပေးလေ..ကျနော်ရဲ့ လက်တွဲဖော် ဖြစ်ပေး။
အဲ့တာဆို အကုန်ပြောပြမယ်။"

"တော်ပြီ မသိချင်တော့ဘူး။
မင်းက အမြင်ကတ်စရာ ကောင်းတယ်
ဒါ ပေမယ့် အစားအသောက်တော့ ငါ ကုန်အောင် စားမှာ။ "

"သိပါတယ်ဗျာ ကျနော့်ယုန်လေးက သရေစာမုန့်တွေ ကြိုက်တယ်ဆိုတာ။"

"ဘာယုန်လေးလဲ!! ။
ငါ မင်းထက်ကြီးတယ်။"

"ကိုကို့ရဲ့ စကားပြောရင် ထွက်လာတဲ့
အဲ့ နှုတ်ခမ်းထော်ထော်လေးကို .. နမ်းမိတော့ မယ်။"

"မင်း..!!!မင်း မနက်ကပဲ.."

"ဟုတ်သားပဲ
ကျနော် မနက်က ကိုကို့ ကို နမ်းပြီး ပြီ ပဲ။"

"မင်း နောက်တစ်ခါ ငါ့အသားကို ထိဖို့
မကြိုးစား ပါနဲ့။
သတိပေးတာ နော်..။"

Pretty boyDonde viven las historias. Descúbrelo ahora