Part-17

372 23 2
                                    

ဝမ်သခင်လေး က သူ့ယုန်နီလေး ရုံးထဲ
ဝင်သွားတာ ကိုသေချာ ကြည့်ပြီးမှ
စံအိမ်ကို ပြန်လာခဲ့တယ် ။

သူ့ကိုကို ရဲ့ အူကြောင်ကြောင် အမူအရာ လေးတွေက မျက်လုံး ထဲ မှာ မျက်တောင် တချက်ခတ် တိုင်း
ပေါ် ပေါ် လာလို့..ဝမ်ရိပေါ်
ရင်ထဲ ပန်းပေါင်း တစ်ထောင် ပွင့်ပြီး
နှလုံးသား လေး ကို ရေခဲမှုန် လေးတွေ နဲ့ အဖြူးခံလိုက်သလို.. အေးစက်မွေးပျံ့နေတာ့တယ်..။
သူ အရမ်းတွေ နမ်းလိုက်လို့
ကြောက်သွားတဲ့ ပုံလေးက ဝမ်သခင်လေး မျက်လုံး ထဲ မှာ မထွက်ဆုံးဘဲ...။

ဒီမနက်ခင်းလေးကတော့
သူ့ တစ်သက်မှာ အပျော်ရွင်ရဆုံး ပဲ။

"ဟေ့ရောင် ရိပေါ်
စောစောစီးစီး  ဘယ်ကပြန်လာတာလဲ"

စံအိမ်ထဲ သူက အဝင်
ကားသော့ ဆွဲပြီး ထွက်လာတဲ့ ဝမ်ဟောက်ရွှမ်း
က  ဖိနပ်စီးနေရင်း လှမ်းမေးသည်။
ဝတ်စားထားသည်မှာ လည်း
သူ့နည်းတူ ကျော့မော့လို့

"ပြောစရာ လား ဟေ့ကောင် ရ
Morning kiss သွားယူလာတာ.."

"လီး  တဲ့ မှ ပဲ
သိပ်မပြောချင်ရှာဘူး။
မင်းစကား ကိုယုံနေမယ် ငါက"

"မနာလို အားကျ တွေ ဖြစ်မနေစမ်းပါနဲ့
ငါ့ကောင် ရာ"

"ဖြစ်စရာ လား ကွ
ငါလည်း ငါ့ကိုကို အိမ်သွားမှာ။"

"မင်း ကို ခေါ်လို့လား ဟိုက
အဆဲခံ ရတာ လည်း အမှတ်မရှိ ဘူး။
အရှက်မရှိသွားဦးမှာ ။"

"ငါလိုးတဲ့ မှ 
ဖဲ့နေလိုက် ဝမ်ရိပေါ်..။"

"ဟေ့ကောင်တွေ စောစောစီးစီး
ဆဲဆိုနေကြတာ လူကြားလို့ မကောင်းဘူး"

"လူကြားကောင်းအောင် ဆဲတဲ့
နည်းလေး မျှပါဦး လား
စုန့်လန်ကော "

"မျက်နှာရူးမနေနဲ့ ဝမ်ရိပေါ်
ဘာဝမ်းသာစရာတွေ တွေ့လာလို့လဲ..။"

"ကျနော့် ယုန်လေး ဆီ
ကနေ Morning kiss သွားယူပြီး
ပြန် လာတာ "

"ဘာကြီး မင်းတို့က အဲ့အဆင့်တောင် ရောက်ပြီလား
Wow ဟေ့ရောင် မင်း တအားလက်သွက်တာပဲ။"

အစက သူတို့ ဆဲဆိုနေတာကို တရားချဖို့
လှေကားပေါ် က ဆင်းလာတဲ့ စုန်လန် တစ်ယောက်
ဝမ်ရိပေါ် စကား ကြားပြီး လက်မှာ ပတ်နေတဲ့ နာရီ တောင် အာရုံ မရတော့..။

Pretty boyUnde poveștirile trăiesc. Descoperă acum