Part-12

459 40 1
                                    

🍽🍽🍱🥗🍝🥘🍜🍲🍣🍽🍽🍽

"..မားး....ဟင့်....
မား...ဘာကိစ္စနဲ့ သူ့ကို ညစာ ကျွေးမှာလဲ
မား...လို့..ဟွန့် မကျွေးနဲ့ ဗျာ.."

"ခွေးနာ လောက်ကိုက်တဲ့ အသံကြီးနဲ့
ကျန့်ကျန့် ရာ
ငါ နားတွေ ညီးလိုက်တာ.."

"မားး"

"တော်တော့ ကျန့်ကျန့်
ကူမလုပ်ပေးတဲ့ အပြင် ဘေးကနေ ပွစိပွစိ ပြောနေတာ တွေ ရပ်တန်းက ရပ်တော့နော်
ငါ ခေါင်းမခေါက်သေးတာ
အကောင်းမှတ်မနေနဲ့
လက်မအားသေးလို့"

"မား က ဗျာ.."

"နင်ဟာလေ တကယ်ပဲ သားဝမ် ကို ဘာလို့ အဲ့လောက် ခါးသီးနေရတာလဲ
ငါမွေးထားတဲ့ ရုပ်ချောလေးနဲ့ လိုက်အောင် စိတ်ထားကောင်းလေး ထားစမ်းပါ ကျန့်ကျန့် ရယ်.."

"အဲ့တာ ကျန့်ကျန့် စကားကြီး ပါ..
မားး..မသိဘူးနော်
အဲ့ကောင် ကို စိတ်ထား ကောင်း လေး ထားပြရင်
သား ဘဝ ပျက်မှာ.."

"တော်စမ်းပါအေ...မဟုတ်တာတွေ ဆက်မပြောနဲ့
ရော့ ဒါလေးတွေ စားပွဲ ပေါ် သွားချချည်..."

"ဟွန့်....ဟုတ်ကဲ့ "

မား မသိပါဘူး
ဟိုကောင်ကြောင့် ဒီနေ့ ရုံးထဲ မှာ တော်တော် ဂယက်ထသွားတာ..

Time skip>>>~~~~~>>>>

"ကျန့်ကျန့်.."

"ဟုတ် ကျဲကျဲ.."

"ရော့ ."

"ဒါက ..."

"ဟုတ်တယ် ကျန့်ကျန့် အတွက် တဲ့
ကောင်ချောလေး တစ်ယောက် က ပေးခိုင်းလိုက်တာ
ဖွင့်ကြည့်အုံးလေ...
ဘာတွေပေးလိုက်တာလဲ ဆိုတာ.."

Suprise box လို
Box အသေးစားလေး တစ်ဘူး
ကြိုးအနက် နဲ့ ကြိုး အနီ စ လေး ကိုလည်း ဖဲဖွင့်ပုံစံ ချည်ထားတယ်...

"အံမယ်...ကျန့် လေးတောင် လက်ဆောင်တွေ ဘာတွေ ရနေပြီ..ငါတို့ အုပ်စု က အခုချိန်ထိ fa တွေ ဖြစ်တုန်း.."

"အို..အေ...ရှင်တို့ က မိန်းကလေးသာ ဆိုတယ်
ကြမ်းတမ်းလိုက်တာမှ ဂျူဒိုသင်တဲ့ ဆရာတွေတောင် အရှုံးပေးရမယ့် ရုပ်တွေနဲ့
ဘာကို Suprise မျှော်နေတာတုန်း.."

"ကဲပါဟယ်...နင်တို့..အုပ်စု တော်ကြတော့
ကျန့်လေး...ဖွင့်ကြည့်ပါအုံး
ကျဲကျဲ တို့က မမြင်ဖူးလို့.."

Pretty boyWhere stories live. Discover now