လေက တငြိမ့်ငြိမ့် တိုက်နေသောကြောင့်
အခန်းထဲ က လိုက်ကာစ
အပြာရောင်လေးက လှုပ်လီလှုပ်လဲ့...။အပ်ကျသံ မကြားအောင် တိတ်နေတယ့်
ထို အချိန်တွင် အသက်ရှုသံပြင်းပြင်း က
တိုးထွက်နေသည် ။လေအေးများ တိုက်ခတ်နေသော်လည်း
မအေးချမ်းနိုင်သည့် စုံထောက် တစ်ဦးလည်း ရှိသည် ။ထုံးစံ အရ
စစ်ဆေးမေးမြန်းဖို့ သုံးတဲ့ ၂ ယောက် အခန်းက
၃ ယောက် ဖြစ်နေသည့်အပြင်
ထို ၃ ယောက်မြောက်လူက လည်း
သတ်ဖြတ်မယ့် ဒီဇိုင်း နှင့်
သူ့ကို ကြည့်နေသည် မဟုတ် ပါလား။တစ်ဖက်က ဝန်ကြီးသား
တစ်ဖက်က မာဖီးယားနီးရာဓား ကို ကြောက်ရသည့် အချိန် မို့
ဘယ်မေးခွန်းကို စမေးရမလဲ ဟု တွေးနေမိသည်။"ဒီနေ့
မေးဖို့ အစီအစဥ် ရှိသလား..။"တိတ်ဆိတ် နေသည့် အခန်းထဲ တွင်
ယောကျာ်းသံ ခပ်သြသြက ထိုးထွက်ကာ ပဲ့တင်ထပ်နေသည်။ရုတ်တရတ် ဆိုတော့
သူ စစ်ဆေးရမယ့် ကောင်လေးရော
သူပါ လန့်ဖြန့်ကာ တုန်သွားသည် ။မေးဖို့ မေးခွန်း ကို ထုံးစံအတိုင်း စရမည် ဆိုပြီး
စစ်မေးရမယ့် ကောင်လေးကို
ကြည့်လိုက်တော့
သူကလည်း တုံဏှိဘာဝေ...။အခန်းထဲ ရောက်တာ ၁၀ မိနစ် ပြည့်တော့မည်။
အချိန်ထိ ဘာမှ မမေးသေးသည့်
သူ့ရှေ့က စုံထောက် နှင့် သူ့ကတိ အတိုင်း
အခန်းထဲ ထိ ပါလာသည့် လူကြီး က
ခုံပေါ်ကို ဟန်ပါပါ ခြေချိတ်ထိုင်ကာ
သူ့ကို တလှည့် စုံထောက်ကို
တလှည့် ကြည့်နေသည်။စုံထောက် ၏ ကြောက်လန့်နေသော ပုံက
လောလောလတ်လတ် အလောင်း
တွေ့ထားရသော သူ့ထက်ကို ပိုဆိုးနေသည်။လူကြီး ၏ အော်တာ ခံရပြီး တော့ လန့်ဖြန့်ကာ
သူ့ကို စမေးတော့သည်။"အ..အမည်"
"ဟင်"
"မင်း..နာ..နာမည်"
"ဟုတ်..ကျင်း...ကျင်းကွမ်းယောင် ပါ"
မေးတယ့် သူက အ ထစ်အ ထစ်နဲ့
ဆိုတော့ သူပါ ရောယောင်ပြီး ထစ်နေသည်။