"တီးတောင်...!!!တီးတောင်... !!!
တီးတောင်.!!!.. တီးတောင်.!!.. .ကိုကိုရေ...!!!"
အချိန်က ညနေ ၅ နာရီ ။
နွေရာသီ ၏ နေအလင်းရောင် ရှိသောကြောင့် ဆည်းဆာရောင် က ရဲရဲရင့်ရင့် ။
ဒုရဲအုပ် လေး အိမ်ရှေ့တွင် မာဖီးယား သခင်လေးက လူခေါ်ဘဲလ်ကို လက်ဆော့ နေသည်။အပြင်ကနေ လူခေါ်ဘဲလ်ကိုလက်ကမြင်း နေတာ
ဝမ်ဟောက်ရွှမ်း မှန်း ရှင်းချန် သိသည်။မနက်ကမှ ငြိမ်းချမ်းရေး ယူထားကို မနက်ကပဲ စိတ်ဆိုးအောင် လုပ်သွားသည်။
ဒီ လူဆိုးကောင်က တကယ်ကို အမြင်ကတ်စရာ ကောင်းတယ်။
"မင်းကို မလာနဲ့ လို့ ပြောထားတယ် မလား။ ဘယ်လိုဖြစ်လို့ ဇွတ် ဘဲလ်တီးနေတာလဲ။
သူများအိမ် တွေ အနှောင့်အယှက် ဖြစ်တယ်။"
သူ စိတ်တိုတို နဲ့ အော်တော့ ထို လူဆိုးကောင် က ခဏငြိမ်သွားကာ..
"ကိုကို ဆေးထည့်ပေးမယ်ဆိုလို့
ကျနော်က ရောက်လာတာ ။
မနက်က ကိစ္စ စိတ်မဆိုး ပါနဲ့ ဗျာ ။
ညီအကို ချင်း ချစ် လို့ နမ်းတာ ပဲ ဟာ။
အခု ကျနော့် လက် တအားကိုက်နေတာဗျ
ကျွတ်စ်.. ကျွတ်စ် ။"မျက်နှာငယ်လေးနဲ့ ခြံတံခါးကို ခေါင်း မွီထားကာ ဝမ်သခင်လေး က သူ့ကို ကြည့်နေသည်။
အခု ဟောက်ရွှမ်း ပုံစံ က လုံးဝ ရှင်းရှင်းလင်းလင်း ။
နားကွင်းတွေ လက်စွပ်တွေ ဘာမှ ဝတ်မလာ။
ရိုးရိုးရှင်းရှင်း လက်ရှည် အကျီ အဖြူကို
စတိုင်ပန် အမည်းနှင့် တွဲဝတ်ကာ ဆံပင်တွေက နဖူးပေါ် အုပ်ကျနေသည်။ သူ့စကားကို နားထောင် ပြီး
ဒီကောင်လေး လိမ္မာ လာတာလား။"ကျစ် မင်းနဲ့ တော့ ပြဿနာ ပဲ ။
လာ အိမ်ထဲ ဝင် ။
ဆေးမသောက်ဘူးလား ဟမ်
လက်က ဒဏ်ရာတွေနဲ့ ကို
ကားက ဘာလို့ မောင်းလာရတာလဲ။"
ရှင်းချန် တံခါးဖွင့်ပေးကာ ဆူတော့..."ကျနော် ကိုကို့ဆီ လာချင်တော့ မနည်းအားတင်းပြီး မောင်းလာရတာ။
ဆေးက သောက်တော့ သောက်တယ်။
ဒါပေမယ့်
အစာ မစားရေသး လို့ ထင်တယ် ဆေးက မဝင်ဘူး။
ကျနော် နေလို့ မကောင်းဘူး ကိုကို။"