Part 25

5.3K 449 69
                                    

##ZG##

ကိုယ်ဝန်ဆောင်ချိန်ကာလအတွင်း
ဂျောင်ဂုကတော့ ထယ်ယောင်းရဲ့
ဂရုစိုက်မှုတွေကြား နေသားကျနေလေပြီ..။

ထယ်ယောင်းက အလုပ်ပြေးလိုက်
အလုပ်ကပြန်လာရင် ဂျောင်ဂုအတွက်
ဗိုက်ဖုံးအကျီလေးတွေဝယ်လာလိုက်နှင့်..။

မမွေးသေးတဲ့ ကလေးငယ်အတွက်ပါ
အကျီလေးတွေ ဝယ်ဝယ်လာတတ်၏..။
ယုတ်စွအဆုံး ကလေးရှူးရှူးအိုးတွေအထိ..။

"ဦး အလုပ်ကနေလက်ဗလာပဲပြန်လာလဲ
ဦးကို ဘယ်သူမှထောင်မချပါဘူး
မဝယ်လာပါနဲ့တော့နော်''

"ကလေးကအမြွှာပူးလေးဆိုဘယ်လိုလုပ်မလဲကွာ
သူတို့လုနေရမှာပေါ့''

"ဟင်း ပြောရခက်လိုက်တာ
လုပ်ချင်တာသာလုပ်တော့ဗျာ''

"ကလေးကလဲကွာ
ကိုယ်က ဘေဘီပေါက်စလေးတွေကို
လောက်လောက်ငှငှသုံးစေချင်လို့''

"ခင်ဗျားဝယ်တဲ့လောက်လောက်ငှငှတွေကို
ပြန်ရောင်းရင် ကားနောက်တစ်စီးရနေပြီ
သွားတော့ဗျာ''

"ကိုယ်သွားပြီနော် ကလေး
ချစ်တယ်''

"တာ့တာ''

ဂျောင်ဂုတော့ပျင်းနေရပြန်ပြီ
ဘိုးဘိုးကလဲ ခရီးတွေထွက်သွားတော့
သူလေးမှာတစ်ယောက်တည်းရယ်

အကိုယွန်းဂီတို့ကလဲ
ခရီးထွက်ကုန်ကြပြီလေ..

"ပါးကလေးလေးကဗိုက်ဆာနေပြီကို
ခဏနော်''

ဂျောင်ဂုက အခန်းထဲကစားပွဲပေါ်တင်ထားတဲ့
မုန့်အနည်းငယ်ကိုလှမ်းယူရန်ထလာခဲ့သည်..။

မုန့်များကိုရင်ထဲပိုက်ကာ
ဖုန်းလေးသုံး၍စားနေလေသည်..။

သတင်းတွေကြည့်လိုက်
ဟာသတွေကြည့်လိုက်
ကိုယ်ဝန်ဆောင်ရင်သတိထားရမဲ့အရာ​တွေ
ကြည့်လိုက်နှင့် နေ့လည်ခင်းတောင်ရောက်လာခဲ့ပြီ

ရေညှိဟင်းရည်ကိုစားချင်​နေတာမို့
အောက်ထပ်မီးဖိုချောင်ကိုဆင်းကာ
ရေညှိတွေရှာသော်လဲ မတွေ့

ထို့ကြောင့် အပြင်ထွက်ဝယ်ရန်သာပြင်လိုက်တော့သည်..။

မသွားခင် အရင်ဆုံး
ဦးဆီmessageပို့ထားမှပဲ

ဦးထယျ {ဦးထယ်}Where stories live. Discover now