part 20

6.4K 530 91
                                    


#ZG

ံကံကောင်းတယ်ပဲဆိုရမလား
ဂျောင်ဂုအဖမ်းခံလိုက်ရတဲ့နေ့က record  တစ်ခုက ရိုက်ထားပြီးဖြစ်နေသည်.. အသံတွေယဲ့ယဲ့သာကြားရပြီး ယူရီ့အသံနဲ့ ဂျယ်ဆော့အသံတို့ကတော့ အထင်းသား. ဓားနဲ့ထိုးခံရလို့ အော်လိုက်တဲ့ ကလေးငယ်ရဲ့အသံက ယူရီကို နုတ်နုတ်စဉ်းချက်စားပစ်ချင်လောက်အောင် ဒေါသထွက်စေလေရဲ့..

ထိုအရာနဲ့ပဲ ဖမ်းဝရမ်းထုတ်ခဲ့သည်..ထိုနေ့မှစ ယူရီမှာ ပျောက်ခြင်းမလှပျောက်သွားခဲ့သည်.. ကလေးဆေးရုံတက်ချိန်လေးလွှတ်ထားပေးလိုက်သည်..ဆေးရုံဆင်းချိန်မှာတော့ ဂျောင်ဂုတို့ကို အကိုယွန်းဂီနဲ့ထည့်လိုက်ရင်း ယူရီကိုတွေ့လိုတွေ့ငြားလိုက်ရှာမိသည်..။

ယူရီနေခဲ့တဲ့အိမ်အတွင်းထဲဝင်ကာရှာကြည့်သော်လည်းမတွေ့..။ထယ်​ယောင်းမှာ ယူရီ့ရဲ့အိမ်တိုင်းကို အဘိုးဖြစ်သူရဲ့ အမိန့်နဲ့လိုက်ဝယ်ပေးထားရလို့ သော့တစ်ချောင်းစီအပိုရှိလေသည်..။ထိုအတွက် အိမ်ထဲမွှေနှောက်ရှာရင်း အံဆွဲပေါ်က စာရွက်ပေါင်းများစွာ.

ထယ်ယောင်းသွားကြည့်မိသည်..။
ဓါတ်ပုံတွေပဲ အချို့က ဆေးတွေတောင်
ပျက်လုလုပင်.. ။ နှစ်တွေကြာပြီထင်ရဲ့..

"2005''

2005ဆိုတော့ ထယ်ယောင်းအသက် ဆယ်နှစ်
ယူရီက ခုနှစ်နှစ်..။

ပုံထဲမှာက...
လူလေးယောက်ရှိသည်..။ အဖေရယ် ယူရီ့အမေလား.. ပြီးတော့ အဖေ့လက်ထဲမှာ ကျနော်..
တော်တော်ငယ်သေးတယ်ထင်သည်..။ ယူရီကတော့ နို့စို့အရွယ်လေး.။

"ကင်မ်ထယ်ယောင်းကြောင့် ငါ့အဖေငါ့ကိုမချစ်တာ"

"ဘာကြီး မဖြစ်နိုင်တာ''

"ကင်မ်ထယ်ယောင်းကိုမုန်းတယ်!! ဒါပေမဲ့ ကျွန်မ မမုန်းနိုင်ခဲ့ဘူး သူ့အကြည့်ထဲကျရှုံးသွားတဲ့ ကျွန်မကိုယ်ကျွန်မ သတ်ပစ်ချင်တယ်..သူ့ကြောင့် ငါ့အဖေက ငါ့ကိုအမြဲ အချစ်လျော့ခဲ့တာ အား ငါမုန်းသင့်တာ မချစ်သင့်ဘူး အဲ့လိုကြောင့်လဲ ငါနာကျင်ရလို့ ကင်မ်ထယ်ယောင်း နင် မြန်မြန်သေပါတော့ဟာ ငါ့ဘဝမှာ အဖေလဲ ဆုံးရှုံးခဲ့ပြီ အမေလား ငါကလူဆိုးမမို့ မချစ်နိုင်ဘူးတဲ့ နင့်ကိုရော ငါဆုံးရှုံးခဲ့ရတယ် နင့်ကိုယောကျာ်းတစ်ယောက်နဲ့ပြိုင်လုရမယ်လို့လဲ မထင်ထားခဲ့ဘူး.. ငါ့ဘဝလဲ ပြည့်တန်ဆာအဖြစ်ရောက်ခဲ့ရတယ်
အမေ့ရဲ့စွန့်ပစ်မှု ပထွေးတွေရဲ့ကောင်းမှုနဲ့ ငါကလေ ဒီလိုမကောင်းတာတွေလုပ်ခဲ့မိတာဟ! ငါ သေချင်တယ် အား''

ဦးထယျ {ဦးထယ်}Where stories live. Discover now