part 6

9.5K 886 148
                                    

#ZG

Dynananana ay(ph ringtone)

"ဟဲလို''

"သား''

"ဟုတ် မေမေ''

"မနေ့ကဟာတွေ့တယ်မလား''

"မေမေရာ လျှောက်မလုပ်ပါနဲ့ဗျာ''

မေမေ့ဘက်ကအသံခဏတိတ်ဆိတ်သွားခဲ့တယ်...။သူသိတာပေါ့ အဖေမရှိတဲ့နောက်ပိုင်း ဂျောင်ဂုကိုသေချာပျိုးထောင်ပြီး seoulမှာကျောင်းလာထားပေးခဲ့တာ...။အမေ့ကိုဂျောင်ဂုကျေးဇူးမသိတတ်သေးဘူးထင်သည်...။သူ့အမေကကောင်းဖို့လုပ်တာတွေအကုန်ငြင်းပယ်မိသည်...။မကြိုက်ရင်အမေကိုအော်ဟစ်မိသည်...။အဲ့လိုဖြစ်ရင် မေမေ့ဘက်ကအသံတိတ်သွားပြီး ကြိတ်ငိုနေကျ...။

"အေး သားလေး မေမေကစုမိဆောင်းမိထားတာလေးတွေကို သားမွေးနေ့မှာကုသိုလ်လုပ်ပေးချင်လိုပါသားရဲ့''

"ရပါတယ် သားအလုပ်တွေလုပ်ပြီး ချမ်းသာရင်အမေ့စိတ်ကြိုက်ကုသိုလ်တွေလုပ်နော်''

"ကျေးဇူးပါ သားရယ်''

ဖုန်းချပြီးတဲ့နောက် ဗိုက်ဖြည့်ရမည်..။
ရေမိုးချိုးပြိးပြီမို့ ပေါင်မုန့်ထောပတ်သုတ်လေးကိုကိုက်ကာ ကျောင်းထွက်ခဲ့သည်..။ဂျီမင်းကငိုထားတဲ့အရှိန်နဲ့ဖျားနေတာမို့ သူ့ကိုထားခဲ့ရသည်...။

လွယ်အိတ်လေးကိုလွယ်ပြီး လမ်းမှာခင်းထားတဲ့ ကြွေပြား အကွက်လေးတွေအပေါ် နင်းရင်း သီချင်းလေးဆိုကာ လျှောက်လာတဲ့သူ့ကို လူတွေဟာ ဝိုင်းကြည့်နေကြတယ်..။သိပ်ချစ်ဖို့ကောင်းလွန်းတာကို....။

Shining through the city with the little fuckyourself

"အဲ''

Little funk and soul..so I ma light it up like dynamite..oh oh oh

စာသားမှားသွား၍ပြန်ပြင်လိုက်ရသည် ပြင်ပြီးတာတောင်ရှက်မိနေတုန်း...။

အတန်းထဲရောက်စော် ခုံတွင်ဝင်ထိုင်ပြီး စကားများဖို့သူငယ်ချင်းလိုက်ရှာပေမဲ့ ဂျီမင်းကိုပဲခင်တာမို့ တွေးလက်စကိုဖျောက်လိုက်ရသည်...။

ဆရာမဝင်လာပြီး စာတွေသင်နေပေမဲ့ ဂျောင်ဂုတစ်ယောက်ငိုက်လို့ကောင်းနေသည်...။

"ဂျွန်ဂျောင်ဂု''

"ခင်ဗျာ''

မျက်လုံးနှစ်လုံးဟာ အခုထိမပွင့်သေးပဲ ဆရာမခေါ်တာကိုထူးလေရဲ့...။ပါးစပ္ကလဲ ဘနားနားမစ်ပိုက်ကိုစုပ်လျက်ပေါ့...။

ဦးထယျ {ဦးထယ်}Where stories live. Discover now