FINAL

8.2K 474 26
                                    


##ZG##

"ပါးပါး!!!!! ဒယ်ဒီ အူးဝါး
မီးကိုထားခဲ့တယ် ''

နာရယ်တစ်ယောက်အိပ်ချင်မူးတူးနဲ့
သူ့ပါးပါးနဲ့ဒယ်ဒီကိုမတွေ့လိုအော်ငိုနေခြင်းပင်

"သမီးရေ ပါးဒီမှာပါကွာ
မငိုပါနဲ့''

"ကလေး ကိုယ်ဝန်ကြီးနဲ့မပြေးနဲ့
ချော်လဲမယ....''

*အား*

ပြောရင်းဆ်ုရင်း ခြေသုတ်ခုံကိုတက်နင်းပြီး
ပက်လက်လန်တဲ့ဂျောင်ဂု
သို့ပေမဲ့သူမနာပါ
သူရောက်သွားတာက ထယ်ယောင်းရင်ခွင်ထဲ

"ဒီရှပ်ပြာနော် အထဲကအကောင်လေးကိုသနားပါဦး''

"ပါးပါးတို့မကောင်းဘူး ခေါ်တာကမီးမီး
ပါးတို့ပဲစကားပြောနေကြတယ်
မီးမီးရဲ့မမဆီပဲသွားတော့မယ်''

နာရယ်တစ်ယောက် စိတ်ကောက်ကာ
ထွက်သွားလေသည်
ဖင်လေးကော့တော့ကော့တော့ဖြင့်
ထွက်သွားသည်မှာချစ်စဖွယ်ကောင်းလှသည်

ဒီနေ့ဟာလဲ နာရယ်နဲ့ဟန်နာကိုမူကြိုအပ်မဲ့နေ့

ဂျောင်ဂုတို့ဟာပြင်ဆင်စရာရှိတာပြင်ဆင်ပြီး
ကလေးတွေကိုခေါ်လာခဲ့သည်

မူကြိုကျောင်းထဲမှာ ကလေးတွေပျော်ပါးစွာဆော့နေကြသည့်မြင်ကွင်းကိုကြည့်ပြီး ဟန်နာတို့ပျော်စပြုလာသည်

"ပါး ဒီနေရာကပျော်စရာကြိးနေမှာ
ဟုတ်တယ်နော် မမ''

"အင်း နာမြနိမြန်ဆော့ချင်နေပြီ''

ကျောင်းအပ်နေတုန်းမှာလဲအငြိမ်မနေပဲ
လှုပ်စိလှူပ်စိဖြင့် ကစားကွင်းကိုသာမျက်စောင်းထိုးနေကြလေသည်

"သမီးတို့နေခဲ့ကြတော့နော် ညနေကျလာကြိုမယ်
ပါးပါးတို့မဟုတ်တဲ့အခြားသူလာခေါ်ရင်မလိုက်သွားနဲ့နော်''

"လိုက်ဘူး မီးတို့ကဒီမှာဆော့နေမှာ
တာ့တာပါးပါး ဒယ်ဒီ''

"တာ့တာ ပါးပါးကျိ ဒယ်ဒီ''

"အင်း တာ့တာသမီး''

...........................................

"ဟဲ့ ဟိုဆံပင်နှစ်ဖက်နဲ့ကောင်မစုတ်လေး''

You've reached the end of published parts.

⏰ Last updated: Jun 17, 2021 ⏰

Add this story to your Library to get notified about new parts!

ဦးထယျ {ဦးထယ်}Where stories live. Discover now