Part-18

8.4K 613 162
                                    

Zawgyi

အိပ်ရာကထလာတော့ ရင်ခွင်ကြီးထဲနောက်တစ်ခါနစ်မြုပ်နေခဲ့တယ်..။ ယောကျာ်းဆန်သောချွေးနံ့တို့ကိုခိုးကာ ရှူရှိုက်မိတော့ လန်းဆန်းသွားသလိုပင်..။

"ဦး ထပြီလားဟင်''

"ကလေး''

ဦးက ရေချိုးခန်းထဲအမြန်ပြေးဝင်သွားသည်..။ ကုတင်ပေါ်က မျက်လုံးပြုးပြူးလေးနဲ့ကျန်ခဲ့တဲ့ ကလေးကိုတောင်လှည့်မကြည့်မိပဲပေါ့..

ပြန်လာပါပြီ..

"ဦး ဘာသွားလုပ်တာလဲ''

"အင်း ပြောပြချင်ပေမဲ့ပြောလို့မဖြစ်ဘူး ကလေးရာ..
တစ်လက်စထဲ ရေနွေးနွေးလေးစပ်ထားတယ် ညက အတူနေခဲ့မိတော့ ကလေးနာနေမှာပေါ့''

"ဦး!!! ခင်ဗျား တကယ်ပဲ ''

ရှက်သွေးဖြာကာ နားရွက်လေးတွေရဲနေတဲ့ ကလေးကို အနမ်းပေးလိုက်တော့ သွားဟူသည့် အသံသေးသေးလေးဖြင့်တွန်းထုတ်သည်..။

နောက်တော့ ထယ်ယောင်းမျက်နှာသစ်ရန် ဝင်မည်အလုပ် ဘောင်းဘီကိုလာဆွဲထားတဲ့ လက်သေးသေးလေးတွေ..။

"ဦး ချီပါ ကျနော်..နာ..နာလို့ ဟင့်''

"ဟာကွာ အသည်ယားအောင်''

ကလေးငယ်အား စွေ့ခနဲပွေ့ချီပစ်လိုက်တော့ ထယ်ယောင်းခါးကိုခွ၍ လည်တိုင်နားမျက်နှာလေးအပ်ထားသည်..။

ရေချိုးကန်ထဲချပေးပြီးတော့ ရေနွေးနွေးလေးထပ်လောင်းပေးကာ ရေခ်ျုးပေးတော့ ဇိမ်နဲ့ခံနေသည်လေ..။

"ဦး ကျနော်တို့နောက်ဆုံးစာမေးပွဲဖြေရတော့မယ်''

"ဟုတ်လား ကိုယ်စာကူကျက်ပေးရမလား''

"အင်း အင်း ''

"ဟုတ်ပါပြီ ရေချိုးပြီးရင် ပုလုံးကိုရောခေါ်ခဲ့''

"အကိုယွန်းဂီရှိတာပဲကို''

"အကိုယွန်းဂီက ကုမ္ပဏီမှာ အလုပ်ပိနေတယ် ကလေးရဲ့''

"ဟွန့် ဦးနဲ့နှစ်ယောက်တည်းရှိချင်လို့ပါဆို''

ဂျောင်ဂုကတော့ ကိုယ့်နားကိုယ်ကြားရုံသာပြောပေမဲ့ နားပါးတဲ့ထယ်ယောင်းကကြားပြီးသွားလေပြီ..။

ဦးထယျ {ဦးထယ်}Where stories live. Discover now