##ZAWGYI##
"မီးမီးကနို့ဆာပြီလား
ပါးပါးကတိုက်ရမှာပေါ့''ကလေးငယ်လေးအားချီထားကာ
အကျီလှန်၍နို့တိုက်လေသည်"ကလေးရဲ့ဒယ်ဒီကလဲ
ဘယ်နိုင်ငံအထိပတ်ပြီး
နို့အေးသွားဝယ်နေလဲမသိဘူး
ကြာလိုက်တာ''"ကိုယ်လာပြီကလေး''
"ဟော ဒယ်ဒီလာပြီ သမီးရေ''
ကလေးကတော့နို့စို့မြဲစို့ဆဲ
"ဗိုက်ဆာပြီမလား ကလေး''
"ဟုတ်''
"ကဲလာ ဆန်ပြုတ်နည်းနည်းသောက်လိုက်''
"အင်း''
ဂျောင်ဂုကိုအနည်းငယ်ထူပေးလိုက်ကာ
ထယ်ယောင်း ဆန်ပြုတ်တိုက်နေလိုက်သည်ဂျောင်ဂုမှာခွဲစိတ်ထားတဲ့အနာက
တစ်ချက် တစ်ချက် အောင့်လာသေးသည်"အာ့''
"ကလေး အဆင်ပြေရဲ့လား
ချုပ်ရိုးကနာနေတာလား
ဒါလေးစားပြီးရင် ဆေးလိမ်းပေးမယ်နော်''"တော်ပြီ ဗိုက်ဝပြီ ဦး''
"ဟင် သိပ်တောင်မစားရသေးတာကို''
"ကျွန်တော်တကယ်ဗိုက်ဝတာပါဆို''
"အင်း ဒါဆိုလှဲလိုက်''
ဂျောင်ဂုခေါင်းတစ်ချက်ငြိမ့်ပြကာ
ပက်လက်လှန်ပြီး အကျီလေးကိုလှန်ပေးထားလိုက်သည်ထယ်ယောင်းက ဆေးဗူးလေးယူကာ
ချုပ်ရိုးလေးပေါ်ခပ်ဖွဖွပွတ်ပေးတော့
ဂျောင်ဂုမှာတွန့်ခနဲ.."ကျေးဇူးပါ ကလေး
ဒီလိုအပင်ပန်းခံပြီး ဒီပိစိလေးကိုမွေးပေးတဲ့အတွက်''"ဦးကလဲဗျာ မလိုပါဘူး
နောက်လဲထပ်မွေးပေးဦးမှာ''"ဒီတစ်ယောက်နဲ့တောင် ကလေးဒီလောက်နာနေတာ
နောက်ထပ်မွေးရင် အရမ်းနာမှာ''"ရတယ် ဦးအတွက်ဆို ကျွန်တော်ကအဆင်ပြေတယ်''
ထယ်ယောင်းမှာ စကားတတ်လွန်းသောပိစိအား
အပေါ်ကအုပ်မိုး၍ဖက်ထားလိုက်သည်သူ့မှာ နှစ်ရက်တိတိလမ်းလဲမလျှောက်ရပဲ
ချုပ်ရိုးပြေမှာစိုးလို့ ပက်လက်လေးသာလှန်ထားရသည်လေ
YOU ARE READING
ဦးထယျ {ဦးထယ်}
Random"ဦးကလူချောကြီး ကျနော်ကလူချောလေးမို့ လိုက်ဖက်တဲ့စုံတွဲပေါ့နော် ခစ်ခစ်'' "ဦးကလူချောကြီး ကျနော်ကလူချောလေးမို့ လိုက်ဖက်တဲ့စုံတွဲပေါ့နော် ခစ်ခစ်'' KV fanfiction...by KV_LOVES💛