#ZGငိုနေရင်မပြီးတာမို့ စာတွေကိုသာအသေကျက်နေတဲ့ ဂျောင်ဂု....။
ထိုအချိန်ဆရာမဝင်လာပြီး စာဖြေခိုင့်တဲ့အတွက် ကြံမိကြံရာကြံရင်း မရသေးသည့်စာရွက်ကိုဖြဲရင်း ဘောင်းဘီထဲထည့်ကာ စာဖြေမိသည်....
ပထမစာမျက်နှာပြီးသွားပေမဲ့ ဒုတိယစာမျက်နှာကနေစပြီး ဂျောင်ဂုရေးမရတော့...။စာရွက်ထုတ်ချင်ပေမဲ့လဲ ဆရာမကသူ့အနောက်ကနေကြည့်နေတာမို့ အခွင့်အရေးမရ....။
အားကိုးရှာပြန်တော့လဲ မယ်မင်းကြီးသား ဂျီမင်းက တစ်လုံးမှမရေးထားသည်မို့ ဖြစ်ချင်ရာဖြစ် စာရွက်ကိုထုတ်ရင်း ကူးချလိုက်ပါတော့သည်...။
ဖြန်းခနဲအသံနဲ့အတူ ကျောကုန်းတစ်နေရာစပ်သွားသည့် အရသာ...။
လှည့်ကြည့်လိုက်တော့ ဆရာမကကြိမ်လုံးလေးကိုင်ပြီးရပ်နေလေရဲ့...နောက်တစ်ချက်ဖြန်းခနဲမည်သံအဆုံး ဂျီမင်းကျောကုန်းပေါ် ကြိမ်လုံးရောက်သွားပြန်သည်....။
နှစ်ယောက်လူံးကို နားရွက်ကနေဆွဲကာ အပြင်မှာ လက်မြှောက်ခိုင်းထားပေမဲ့
မင်းနဲ့ငါအတူတူလက်မြှောက်ရတယ်ဆိုတဲ့ မျက်ခွက်တွေနဲ့ဖြီးနေတာကြောင့် ဆရာမလဲ တော်ကီနည်းနည်းပစ်ကာ အခန်းထဲဝင်သွားသည်...။ဂျောင်ဂုမရှက်ပါ သို့သော်...
သူ့ရှေ့လာရပ်သည့် ခြေတစ်စုံကြောင့် ရှက်ရွံမှုတွေအလုံးလိုက်အရင်းလိုက်ဝင်လာခဲ့သည်...။
"စာမလုပ်ဖူးလား ညီ''
".......''
ရှက်လွန်း၍အသံပင်မထွက်တော့ပေ...။
"ဂျောင်ဂု မင်းဘိုးအေမေးနေတယ် ဖြေလိုက်''
"ဟုတ် ကျနော်စာမျက်နှာမှားကျက်လာတာ''
"ဟားဟား ဖြစ်ရမယ်ကွာ''
ဂျောင်ဂုခေါင်းကိုငုံ့မြဲငုံ့ထားဆဲ....
"ထယ်ယောင်း မပြန်ရသေးဘူးလား''
ဆရာမကမေးသည် ...။
"ယူရီကိုစောင့်နေတာ သူကဒီနားကဆိုင်လေးမှာနေ့လည်စာစားမယ်ဆိုလို့လေ''
YOU ARE READING
ဦးထယျ {ဦးထယ်}
Random"ဦးကလူချောကြီး ကျနော်ကလူချောလေးမို့ လိုက်ဖက်တဲ့စုံတွဲပေါ့နော် ခစ်ခစ်'' "ဦးကလူချောကြီး ကျနော်ကလူချောလေးမို့ လိုက်ဖက်တဲ့စုံတွဲပေါ့နော် ခစ်ခစ်'' KV fanfiction...by KV_LOVES💛