ရေးဖွဲ့ထားပြီးသောသီချင်းစာသားအချို့ကို
သံစဉ်တီးခတ်နေချိန် guitarသံက
ရုတ်ချည်းရပ်တန့်သွားသည်monitorကိုကြည့်ရင်း
အဆင်ပြေမဲ့ ဂီတသံအတွက်
ညည်းဆိုကြည့်နေသော
sehunသည်လည်း
အနေအထားက တဝက်တပျက်နှင့်..."ဘာဖြစ်ပြန်ပြီလဲ
စိတ်တိုင်းမကျဘူးလား''"မဟုတ်ဘူး...ခံတွင်းချဉ်လာလို့''
chanyeolသည် ပြောရင်းဆိုရင်း
ကျွန်းဗီရိုအသေးလေးရဲ့
အံဆွဲကိုဖွင့်ကာ မွှေနှောက်ရှာနေ၏"hajoonပေးထားတဲ့ စီးကရက်တွေ''
".....''
ရှာတွေ့ပြီဖြစ်တဲ့ chanyeolက
ထို ဆေးလိပ်ဖြူဖြူကို
လက်ချောင်းလေးတွေနဲ့ညှပ်ရင်း
မီးညှိကာ ရှိုက်ဖွာနေပြီ။ပြန်လည်မှုတ်ထုတ်လိုက်သော
အခိုးအငွေ့တွေနဲ့အတူ
ပုံမှန်မဟုတ်သောအနံ့တွေကြောင့်
sehunမျက်မှောင်ကျုံ့လိုက်မိသည်"အဲ့တာတွေတော့
သိပ်မသောက်နဲ့ ဟေ့ကောင်
ကြာရင်မကောင်းဘူး''"တခါတလေပါကွာ...''
ဂစ်တာကိုပိုက်ထားရင်း
ညာဘက်လက်ချောင်းလေးတွေကြားမှ
ဆေးလိပ်အရသာကို
chanyeolက ပိုအာရုံရနေသည်။စသောက်ကြည့်ခိုင်းတဲ့
yoo hajoonဆိုတဲ့ကောင်ကို
chanyeolကသာ
ဘာတွေစေတနာထားသလဲတော့မသိပါsehunအမြင်မှာတော့
ထိုကောင်က chanyeolအပေါ်
သူငယ်ချင်းစိတ်ဓာတ်မရှိခဲ့တာ
ကျောင်းတုန်းကတည်းကဖြစ်သည်။စသလိုနောက်သလိုနဲ့
ဝင်ဖဲ့တတ်တာတွေ..chanyeolကိုဆို
သာပေါင်း လုပ်ဖို့်ပဲသိတတ်တာတွေ
မနာလိုတာတွေက အခုချိန်ထိ
သူတို့အပေါင်းအသင်းတွေကြားထဲ
စုန်းပြူးလိုဖြစ်နေဆဲ"ပြန်စကြည့်ရအောင် sehun''
ဂစ်တာကြိုးကို
လက်ဖျားလေးတွေနဲ့ ထိခတ်ရင်း
chanyeolက ပြောလာသည့်နှစ်ယောက်သား stanမှာတင်ထားသော
သီချင်းစာရွက်ထဲမှ အကြောင်းအရာတွေကို
ပြန်လည် အစီအစဉ်ချလိုက်..
သံစဉ်နဲ့လိုက်လျောညီထွေဖြစ်အောင်
ပြုပြင်လိုက်ဖြင့်။ sehunသည်
ခေါင်းစားနေရသည့်ကြားမှပင် ပြုံးမိပါသေး၏
YOU ARE READING
To hope
FanfictionI don't think i tell you this enough, but i believe you were sent to me, to be my safe place, to be my home.