"baekhyunee ''
လှေကားပေါ်သို့ ခြေသံဖွဖွနင်းတက်နေရင်း
အနောက်မှ အသံတစ်ခုကြောင့်
ကျောလေးတွေမတ်သွားရသည်။"ဗျာ..''
"ဒါကဘယ်လိုပုံစံဖြစ်လာရတာလဲ
Baekhyuneeရဲ့''Ommaရဲ့ စိုးရိမ်တစ်ဝက်
ဒေါသတစ်ဝက်အသံကြောင့်
Baekhyun ဖြေရခက်နေမိသည်..။Ommaက အလိုလိုက်ပြီးချစ်ပေမဲ့
လေသံမာလာရင်တော့
သူ တကယ်ကြောက်ရတယ်လေ.."မိုးမိထားတာများ ကြွက်စုတ်ကျနေတာပဲ..
ကျောင်းကားနဲ့ မပြန်လာဘူးလား''အပီအပြင်ဆူတော့မည်ဟန်ပြင်ပြီးမှ
ရေစိုရွဲနေသောBaekhyuneeပုံစံကို
အစုံအစန်ကြည့်ပြီး
Ommaက သက်ပြင်းချသည်..။"မဟုတ်ဘူး..အခုအဝတ်အစားသွားလဲ..
သွားတော့မြန်မြန်..
ဒီညနေသင်တန်းသွားဖို့မပြင်နဲ့''"Nae..''
အခန်းထဲရောက်တော့လည်း
ညနေကအဖြစ်အပျက်ကိုတွေးမိတော့
စိတ်တွေ ထူပူသွားရပြန်သည်...ဒီညနေမှာ Chanyeolလက်ကို
Baekhyunသေချာတွဲရင်းအိမ်ပြန်ဖြစ်ခဲ့သည်..။သူ မထင်ထားခဲ့ပါ။
တခါတလေ baekhyunဘက်ကတစ်ဖက်သတ်
သဘောကျနေတယ်ဆိုတာသိသာသွားတိုင်း
မျက်နှာတည်တည်ဖြင့်သာ
နေလေ့ရှိတဲ့Chanyeolသည်
့နှစ်ယောက်ကြားက စည်းကို
အနမ်းတပွင့်ဖြင့် စတင်ဖောက်ဖျက်ခဲ့ပါသတဲ့..။အဆုံးသတ်ပြီးတဲ့အခါလည်း
Baekhyunရဲ့ နဖူးပြင်အား
Chanyeolက နဖူးစပ်ဖြင့်ထိကပ်ထားခဲ့သေးသည်။အိမ်ပြန်လမ်းတစ်လျှောက်မှာ
စကားတစ်ခွန်းတစ်လေမှမဆိုပဲ
သူ့လက်ကိုသာမြဲမြဲတွဲရင်း
အိမ်ပြန်ခဲ့တဲ့Chanyeolကြောင့်
အတွေးများနေမိလေသည်...။ချစ်တယ်ဆိုရင်လည်းချစ်တယ်ပေါ့
ဒါမှမဟုတ် နေရခက်နေတာလည်းဖြစ်နိုင်သည်..
ဒီလိုဆိုရင်တော့လည်း
ရုတ်တရက်အနမ်းခံလိုက်ရတာက
Baekhyunပဲမို့ ပိုပြီးနေရခက်ရမှာကို...။Sehunတို့အုပ်စုက
Chanyeolရဲ့သူငယ်ချင်းအရင်းခေါက်ခေါက်ဆိုလို့
Baekhyunက ငယ်စဉ်ကတည်းမှ
သိနေခဲ့သူတွေဆိုကာ ပိုပြီးပွင့်လင်းနီးစပ်နေမည်ဟု
ထင်နေတတ်ကြလိမ့်မည်...။
တကယ်တော့ဒီလိုမဟုတ်ပါ။
YOU ARE READING
To hope
FanfictionI don't think i tell you this enough, but i believe you were sent to me, to be my safe place, to be my home.