" baekhyun...ထလေကွာ ''
baekhyunသည်
သူ့ကိုလက်မောင်းရင်းမှ ဆွဲထူပေးနေတဲ့လူကို
မသဲမကွဲပြန်ကြည့်နေမိသည်ရောက်လာပြီးကတည်းက
ထိုhyungက baekhyun၏အနားမှာ..
အခုလည်း ကိုယ့်ဟာကိုယ် ကချင်သွားကတာမဟုတ်၊
သူ့ကိုပါခေါ်နေ၏baekhyunကတော့
ဒီလို ရီဝေဝေနဲ့ပဲတညလုံးသောက်နေချင်တာ.." hyungnimဘာသာသွားဗျာ..
ကျွန်တော်ဒီလိုနေရာတွေမကြိုက်ဘူး
အရက်ပဲသောက်ချင်တယ်..အင်းး..''တကယ်လည်း clubကို
baekhyunက kyungsooခေါ်လို့
အူကြောင်ကြောင်ပါလာခဲ့တာပင်
သူ့စိတ်အတိုင်းဆို အခန်းထဲပဲ
တစ်ညလုံးအောင်းနေတော့မှာဖြစ်သည်ဒီရောက်တော့လည်း Doyoung shiiက
Baekhyunကိုဖုန်းခေါ်ပြီး
ဘယ်မှာလဲမေးနေတာကြောင့်
သူပြောပြဖြစ်လိုက်တာ
အခုလိုကောက်ခါငင်ခါ ရောက်လာမယ်မထင်ခဲ့" အဲ့တာဆိုလည်း နားနားပြီးသောက်ဦး
မင်းပုံစံက ဒီအတိုင်းဆိုလဲတော့မယ်''တကယ်စိတ်ပူနေတဲ့ဟန်
ဘေးကပွစိပွစိပြောပြောတာကြောင့်
သူ အရွဲ့မတိုက်မိတော့ပါခေါင်းငြိမ့်ပြလိုက်ပြီး ခပ်လှမ်းလှမ်းက
ဝတ်နေကျအတိုင်းရှပ်အင်္ကျီအကွက်စိပ်လေးနဲ့kyungsooကိုပဲ ငေးကြည့်နေမိသည်မူးမူးနဲ့ မကတတ်ကတတ်
အနည်းငယ်ကိုယ်ကိုလှုပ်ကနေတဲ့
kyungsooက ကို့ရိုးကားယားနိုင်ပေမဲ့
မြင်ရတာသဘာဝဆန်သည်
အိမ်မှာရှိနေရင် စာပြီးစာလုပ်နေရတာ
kyungsooက အခုတော့
တခြားတစ်ယောက်လိုပါပဲ" ဘာပဲပြောပြော kyungsooက
မင်းလိုမဟုတ်ဘူး...
သူလုပ်သင့်တာကိုသူသိတယ်လေ
ပျော်ချင်ရင်ပျော်လိုက်တယ်
စိတ်ညစ်ရင်လည်း အားရပါးရပေါက်ကွဲတာပဲ''ထိုစကားကြောင့်
သူ ငြိမ်သက်သွားရကာ
ခံတွင်းထဲက ခါးသက်သက်အရှိန်ကို
သေချာခံစားနေလိုက်သည်မူးနောက်နေတဲ့ခေါင်းကြောင့်
clubထဲက မီးလုံးအရောင်တွေမှန်သမျှကို
ဇက်လည်မတတ်
ပတ်ပတ်လည်လိုက်ကြည့်နေမိသည်" ကျွန်တော်မှ ပျော်မနေပဲ''
" ပျော်တယ် မပျော်ဘူးဆိုတာ
ကိုယ်နဲ့ပဲဆိုင်တယ်မဟုတ်ဘူးလား
ကိုယ်ကပျော်အောင်နေရင်
တကယ်စိတ်ချမ်းသာလာမှာပဲ
YOU ARE READING
To hope
FanfictionI don't think i tell you this enough, but i believe you were sent to me, to be my safe place, to be my home.