မိုးအသည်းအသန်ရွာနေတဲ့
နေရာတစ်ခုမှာ
Baekhyunခြေစုံရပ်နေသလိုပဲပတ်ဝန်းကျင်က
အရမ်းကိုမည်းမှောင်နေလွန်းသည်
ညည့်နက်သန်းခေါင်ယံမှာ ဘာကြောင့်
ဒီလိုနေရာမျိုးကို
ရောက်လာမိမှန်း သူမသိပေမဲ့
စမ်းတဝါးဝါးရှေ့ဆက်လျှောက်နေမိ၏တဖြည်းဖြည်းသတိကပ်မိတဲ့အခါ
အတော်အတန်ရင်းနှီးလာတဲ့ ထိုနေရာChanyeolနဲ့
အိမ်ပြန်နေကျလမ်းမတစ်ခုဖြစ်သလို
အရမ်းသဘောကျမိတဲ့ ကိုယ်ပိုင်ဒေသဒါပေမဲ့ အခုတော့
သဘောကျစိတ်ထက် ကြောက်စိတ်တစ်ခုက
အစားထိုးဝင်ရောက်နေခဲ့သည်"Chanyeol?''
သစ်ပင်ခပ်ကြီးကြီးအောက်မှာ
Chanyeolကို
baekhyun တွေ့မိလိုက်ရသည်
မိုးရေတွေကြားထဲ
အခါများစွာက သဘောကျခဲ့ဖူးတဲ့
အပြုံးက ပိုပြီးအသက်ဝင်နေသေးရဲ့baekhyun ပြုံးပြလိုက်မိပြီး
ရှေ့တိုးဖို့ပြင်တော့ Chanyeolက
နောက်ကို တဖြည်းဖြည်းဆုတ်ခွာသွား၏"ငါ့ဆီလာပါဦး''
ခိုက်ခိုက်တုန်အောင် အေးနေတဲ့အချိန်မို့
ရင်ငွေ့နွေးနွေးထဲ
Baekhyunစိတ်လွတ်လက်လွတ်
တိုးဝင်ပစ်လိုက်ချင်သည်ဒါပေမဲ့ Baekhyunက
တလှမ်းတိုးလေ
Chanyeolက ကျောခိုင်းလေပဲမကြာခင်မှာတော့
Baekhyunမြင်ကွင်းထဲက
Chanyeol လုံးဝပျောက်သွားသည်လမ်းတလျှောက်လုံး သူအော်ဟစ်ပြီး
အရူးတစ်ယောက်လို
Chanyeolကို ရှာဖွေသည်ဟိုတစဒီတစ
chanyeolအရိပ်တွေမြင်ရသလိုရှိပေမဲ့
သူ့ဆီကနေ
Chanyeolက ထွက်ပြေးနေခဲ့သည်မိုးကပိုပြီးသည်းလာသည်
baekhyunရဲ့ ခြေထောက်တွေလည်း
ယိုင်လုမတတ်ဖြစ်နေခဲ့သည်နောက်ဆုံးအသိတရားလက်ကျန်မရှိတော့သည့်တိုင်
သူအရုပ်ကျိုးပြတ်လဲကျသွားသည့်တိုင်
Chanyeolက မလှမ်းမကမ်းတနေရာမှာ
ငြိမ်ငြိမ်သက်သက်ရပ်ကြည့်နေသည်အမူအရာမဲ့ မျက်နှာသေက
သူ့ရင်ကို စူးအောင့်စေတယ်Baekhyunပါးပေါ်မှာရော
မျက်နှာတပြင်လုံးရော
မျက်ရည်တွေစိုရွှဲနေတော့သည်
YOU ARE READING
To hope
FanfictionI don't think i tell you this enough, but i believe you were sent to me, to be my safe place, to be my home.