ဝင်ပေါက်နားမှ နောက်ကျောပြင်လေးတစ်ခု..
သူနဲ့ရင်းနှီးတာထက်ပိုခဲ့သော
ထိုပုံရိပ်လေးကြောင့်
Chanyeolမျက်လုံးတွေ နက်ရှိုင်းသွားခဲ့ရသည်။Byun Baekhyun မင်းရောက်လာတာလား?
သူ့ဘေးနားမှ ဘောဒါတွေကတော့ နောက်နာရီဝက်နေရင် စတင်မဲ့ ကျောင်းပေါင်းစုံ ဘောလုံးပွဲအကြောင်း ပြောဆိုနေကြလေ၏။
ထိုကောင်တွေကို ထားရစ်ခဲ့ပြီး
ခပ်သုတ်သုတ်ထွက်သွားသော အဖြူရောင်ပုံရိပ်လေးနောက် chanyeol ချက်ချင်းလိုက်သွားမိသည်။
သူ့ခြေလှမ်းတွေကို ပိုမိုသွက်လိုက်ရင်း ထပ်ကြပ်မကွာပါပဲ..။
စိတ်မရှည်တတ်တဲ့ Chanyeolက
နောကဆုံး လိုက်မှီသွားချိန်မှာတော့
အဲ့ဒီ့ကောင်လေးရဲ့ ပုခုံးပြင်မှဆုပ်ကိုင်ပြီး
သူ့ဘက် ဆွဲလှည့်လိုက်မိတော့သည်။"Baekhyun..''
မကြာလိုက်.. ဇဝေဇဝါပြန်ကြည့်လာတဲ့
သူ့အရှေ့မှလူတစ်ယောက်ကြောင့်
Chanyeolမျက်နှာက
သိသိသာသာ ပျက်ကျသွားရသည်။Chanyeolစိတ်ထဲ ဘဝင်မကျဘူး။
သူ့အရှေ့မှ လူက ဘာလို့
Baekhyunဟုတ်မနေရတာလဲ..
ဟန်မဆောင်တတ်သူပီပီ
ဒီအခြေအနေတွေကို စိတ်ပျက်သွားမှုတွေကလည်း
သူ့မျက်နှာမှာ ပြင်မရအောင်
အတိုင်းသားပေါ်လွင်လာတော့သည်။''sorry''
ဝတ်ကြေတန်းကြေ တောင်းပန်စကားတခွန်း
ခပ်ပြတ်ပြတ်ဆိုလိုက်ပြီး Chanyeolထိုနေရာမှ
လှည့်ထွက်လာမိသည်။
အနောက်မှ တစ်စုံတစ်ရာပြန်ပြောနေသံ
သဲ့သဲ့ကိုလည်း သူနားမထောင်လိုချေ။
ခန်းမအတွင်း လျှောက်လမ်းတစ်လျှောက်ရှိ
လူအုပ်စုတွေကို ကျော်ဖြတ်ကာ Chanyeolနားနေခန်းထဲသို့
အဝတ်အစားလဲဖို့သာ တန်းဝင်လာလိုက်သည်။''ကို..ဘာဖြစ်လို့လဲဟင်''
အနားကိုရောက်လာတဲ့
jiwonက
Chanyeolမျက်နှာမကောင်းတာကြောင့်
တန်းမေးလာသည်။T shirtတစ်ထည်ကောက်စွပ်လိုက်ပြီး
ချွတ်ထားတဲ့ အားကစားဝတ်စုံကို စိတ်လိုက်မာန်ပါ
လော့ကာထဲ ပစ်ထည့်လိုက်ပုံက
တစ်ခုခု အဆင်မပြေဖြစ်နေမှန်းသိသာသည်။
တကယ်တမ်း
သူမ အကုန်မြင်လိုက်ပြီးသားဖြစ်ပေမဲ့
Chanyeolဘယ်လိုပြန်ဖြေမလဲ သိချင်ပါသည်။
ဒါပေမဲ့လည်း အဆက်အစပ်မရှိပြောလာတဲ့
စကားတစ်ခွန်းက ရင်ဘတ်ကိုအရှိန်ပြင်းစွာ
လာရိုက်ခတ်၏။
YOU ARE READING
To hope
FanfictionI don't think i tell you this enough, but i believe you were sent to me, to be my safe place, to be my home.