"Chanyeolကို မင်းမို့လို့သည်းခံပေးတယ်''
ဒါဟာKyungsooရဲ့ မချိတင်ကဲအသံ...
Kyungsooဟာ
Chanyeolနဲ့ ရန်စတော့မရှိပါ။
ဒါပေမဲ့Baekhyunနဲ့ပတ်သတ်ရင်
Chanyeolကို ငယ်ငယ်ကတည်းက
ကြည့်မရသူဖြစ်သည်။"အဲ့ကောင်လုပ်ရပ်တွေက တရားလွန်မနေဘူးလား
ဒါသပ်သပ်....''"တော်ပါတော့ကွာ..."
သက်ပြင်းချသံတဝက်နဲ့
Baekhyunစကားသံက ခပ်တိုးတိုး။
ကိုယ့်ဘက်က မခံမရပ်နိုင်လို့ပြောပေးတာမှန်ပေမဲ့
သိသာသိ မမြင်စေနဲ့ဆိုသလို...
ဒီလိုစကားတွေကို Baekhyunမကြားချင်ပါ။"ဒါပေမဲ့ သူငါ့ကိုပဲချစ်တယ်လေ
ငါသိနေတယ် Kyungsoo..
ငါကသူ့ကိုနားလည်အပေးနိုင်ဆုံးလူ
ဖြစ်သင့်တယ်မလား..''"သွားသေလိုက်တော့..!''
Kyungsooကတော့
လုံးဝမကျေမနပ်ဖြစ်နေပုံရသည်။
အခုလည်း အဖေခိုင်းတဲ့အလုပ်ကိစ္စနဲ့
Baekhyun တနေကုန်ရှုပ်နေခဲ့သည်။
companyနားတောင် မရောက်သေး
ကားပျက်လို့
Chanyeolကို အားကိုးတကြီးဖုန်းဆက်ပေမဲ့
မအားလို့ဆိုတဲ့အကြောင်းပြချက်ပေးကာ
ရောက်မလာခဲ့ပါ။အိမ်ကဒရိုင်ဘာArjushiကလည်း
အလုပ်ထွက်ထားတာကြာပြီမို့
Baekhyunတစ်ယောက်တည်းယောင်လည်လည်နှင့်..ဒီတော့ Kyungsooကိုသာလှမ်းခေါ်ရတော့သည်
Kyungsooမောင်းလာတဲ့
ဆိုင်ကယ်ကိုသာ ယူစီးရင်း...
နှစ်ယောက်သား ပြန်လာကြတော့ ညမိုးချုပ်နေခဲ့ပြီ..အရေးအကြောင်းဆို
ဖမ်းလို့တောင်မမိတဲ့ကောင်လို့
Chanကို Kyungsooက အပြစ်တင်မဆုံးချေ။Baekhyunကတော့ ထွေထူးပြီးရန်လုပ်မနေခဲ့ပါဘူး..
chanမှာလည်း သင်တန်းတက် ကျောင်းသွားနဲ့
ကိုယ်ပိုင်အကြောင်းကိစ္စတွေရှိနိုင်တာပဲမို့။အတွေးများနေမိရင်း
တနေကုန်ပင်ပန်းနေတာကြောင့်ရော
မိုးရွာထားတဲ့ရာသီဥတုကြောင့်ပါ မျက်မှန်ထူထူအောက်မှ
baekhyunမျက်ကြောတွေလည်း
အလိုလိုစင်းကျနေမိ၏..။"ဟေ့ကောင်..အရှိန်လျှော့ဦး''
baekhyunသန်းဝေလိုက်ပြီး
ခေါင်းငြိမ့်ပြလိုက်သည်။
လမ်းမကြီးတွေကို ဖြတ်သန်းလာရင်း
ဂမ်းနမ်နားအရောက်မှာတော့ အာရုံလွတ်သွားတဲ့baekhyunက
တစ်စုံတစ်ခုကို ဝင်တိုက်သွားမိတော့သည်။
YOU ARE READING
To hope
FanfictionI don't think i tell you this enough, but i believe you were sent to me, to be my safe place, to be my home.