"မင်းနှုတ်ခမ်းပေါက်နေတယ် Chan..''
Baekhyunသည်
Chanyeolရဲ့ အောက်နှုတ်ခမ်းလေးကို
ဖွဖွကိုင်ကြည့်ကာ စိုးရိမ်တကြီးပြောမိလေသည်ဘာဖြစ်တာပါလိမ့်...
ဒီလောက်နီရဲနေရအောင်
တစ်ခုခုနဲ့များဆောင့်မိတာလားမသိChanyeolကိုကြည့်တော့
နေရခက်သလိုဖြစ်နေပေမဲ့
ဘာမှတော့မပြောပေ..။"ဆေးထည့်ပေးမယ်..ခဏလေး..
မင်းဖြစ်လိုက်ရင်
အရာရာနဲ့အကြောင်းကြောင်းပဲ''သူ ပြောရင်းနဲ့
အပေါ်ထပ်က ဆေးသေတ္တာသွားယူကာ
Chanyeolနှုတ်ခမ်းကို
ဆေးထည့်ပေးနေလိုက်သည်"ဖူးယောင်နေတာပဲကွာ...
သတိထားစမ်း''"အင်းပါ.. ''
Baekhyunစကားကို
Chanyeolကနာခံပေးပြီး
ခေါင်းကိုဆတ်ကာဆတ်ကာငြိမ့်ပြသည်ဒီတော့ ငယ်ငယ်ကChanyeollieကိုတောင်
Baekhyunသတိရမိသွားသည်ဒါပေမဲ့ ငယ်ငယ်ကChanyeollieကို
Baekhyunဖြူဖြူစင်စင်ချစ်တာ..
အခုတော့ ဒီလိုမဟုတ်တော့ဘူး''Yoonmiရော...''
"မေမေတို့နဲ့အတူ
Yoonmiပါ,ပါသွားတာ...''ပြောတဲ့စကားကိုနားထောင်နေရင်း
မီးဖိုခန်းထဲ ဝင်သွားကာ
ဟိုရှာဒီရှာလုပ်နေသော ကောင်လေးနောက်သို့
Chanyeolလိုက်သွားမိသည်"မင်း ဘာလုပ်မလို့လဲ...''
"ငါးပေါင်မုန့် လုပ်ကြည့်မယ်
ငါ instagramမှာ နည်းတွေကြည့်ထားတယ်ကွ
မင်းကို စားစေချင်လို့''baekhyunအမေနဲ့အဖေက
အသီးသီးအလုပ်ကိုယ်စီသွားကြသည်ကျောင်းလည်းပိတ်နေတော့..သူကိုယ်တိုင်သာ
Chanyeolအတွက် ဟိုဟာချက်ကြည့်
ဒီဟာချက်ကြည့်လုပ်ပေးနေမိသည်ဒါပေမဲ့လည်း
baekhyunကbaekhyunပါပဲ
ယောကျာ်းလေးဆိုတဲ့အတိုင်း အိမ်မှုကိစ္စနေနေသာသာ
ဟင်းချက်skillလည်း လုံးဝမကောင်းပါကိုယ့်ဘာသာ ဂျုံနယ်တဲ့အဆင့်မှာတင်
ဒုက္ခရောက်နေတုန်း
Chanyeolကပါ လာကူညီတော့
ပိုပြီးဆိုးကုန်သည်မကျွမ်းတာချင်းအတူတူ
တစ်ယောက်နဲ့တစ်ယောက် ဂျုံမှုန့်တွေနဲ့
မျက်နှာကိုတို့ထိကာဆော့ကြတော့
မီးဖိုခန်းကပါ ပွထနေခဲ့တော့၏
YOU ARE READING
To hope
FanfictionI don't think i tell you this enough, but i believe you were sent to me, to be my safe place, to be my home.