baekhyunမျက်နှာလေးကိုမြင်တွေ့ပြီး
အတူရှိနေချင်ခဲ့တဲ့ သူ့စိတ်ကူးတွေကို
မျက်စိရှေ့မှ မက်ဂျူပုလင်းတွေက
လှောင်ပြောင်လိုက်သယောင်။သူတွေးထားသောအခြေအနေနှင့်
လက်တွေ့က ကွာဟနေခဲ့တာကြောင့်
chanyeolမျက်ခုံးတန်းတွေ
တွန့်ကွေးသွားရ၏။စားပြီးသောက်ပြီးသားတွေကို
သိမ်းဆည်နေသောbaekhyunအား
Chanyeolအဝေးကနေသာ
အကဲခတ်ကြည့်နေမိသည်။သစ်သားစားပွဲပေါ်က တူနှစ်စုံရယ်..
ပြန့်ကျဲနေတဲ့ ပဲစိမ်းလုံးတွေရယ်..
မျက်နှာချင်းဆိုင်အရက်နှစ်ခွက်ရယ်..ဒါဟာ ဘယ်လိုနည်းနဲ့မှ
baekhyun
တစ်ယောက်ထဲသောက်ထားတာတော့
လုံးဝမဖြစ်နိုင်ချေ။'ဘယ်သူနဲ့မှ အတူမသောက်ရဘူး'ဆိုတဲ့
သူ့စကားကို
byun.baekhyunက
အကြိမ်ပေါင်းများစွာ ကတိတည်ခဲ့ပေမဲ့
အခုတော့ လွယ်လင့်တကူ
မေ့ပစ်လိုက်တာလားပဲ..အရွယ်ရောက်ပြီးသား
ယောကျာ်းလေးတစ်ယောက်ကို
ဒီလိုချုပ်ချယ်တာ
မဖြစ်သင့်ဘူးပဲပြောပြော
baekhyunအလွန်အကျွံမူးသွားရင်
ဘာတွေဖြစ်တတ်လဲ'
Chanyeolအသိဆုံးဖြစ်သည်။အဲ့တာကြောင့် မည်သူတစ်ဦးတစ်ယောက်နဲ့မှchanyeolက စိတ်မချချင်။
''သိပ်အဆင်ပြေနေတာပဲ..''
ရုတ်တရက်
ထွက်ပေါ်လာတဲ့စကားကြောင့်
Baekhyunအသိဝင်သွားရပြီး
သူ့အနောက်ကို လှည့်ကြည့်လိုက်မိတော့
chanyeolဖြစ်နေသည်။လူရှိနေတာတောင်
သတိမထားမိတဲ့အထိ
ပစ္စည်းတွေလိုက်လံသိမ်းဆည်းရင်း
သူအာရုံများနေခဲ့တာပင်။ဘေး,ဘောင်းဘီအိတ်ထဲ
လက်တစ်ဖက်ထည့်ရင်း
နံရံကိုမှီရပ်နေတဲ့Chanyeolက
Baekhyunအနားကို
တဖြေးဖြေးလျှောက်လာ၏။''မင်း ရောက်လာပြီပဲ..''
ပြုံးပြရင်း
baekhyunနှုတ်ဆက်လိုက်ပေမဲ့
Chanyeolက
မျက်နှာထားတည်တင်းနေမြဲမို့
ခပ်အမ်းအမ်းဖြစ်သွားရတော့သည်။
YOU ARE READING
To hope
FanfictionI don't think i tell you this enough, but i believe you were sent to me, to be my safe place, to be my home.