"Baek..Baek..Baek..Baek..Baekhyuneee''
Baekhyunအာရုံထဲတွင်
Chanyeolရဲ့အသံကို ကြားလိုက်မိသလိုရှိသည်။မဟုတ်လောက်ပါဘူး ဆိုတဲ့စိတ်နဲ့အတူ
ပြန်အိပ်စက်ဖို့လုပ်လိုက်ပေမဲ့
နားထင်တစ်လျှောက်
လေပူတချို့နဲ့ထိတွေ့နေရသလို ခံစားလာရသဖြင့်
မဖွင့်ချင်တဲ့မျက်လုံးများကိုဖွင့်ကြည့်ရတော့သည်.."မင်း...''
baekhyunအိပ်ရာပေါ်မှာ တက်လှဲကာ
ခေါင်းကိုလက်ထောက်၍
သေချာကြည့်နေသောChan..ဘေးပတ်ဝန်းကျင်ကို အကဲခတ်မိတော့လည်း
မနက်ဝေလီဝေလင်းကြီး"အစောကြီးပဲကို
ဘာလာလုပ်တာလဲကွာ...''အိပ်မှုန်စုန်မွှားအသံလေးနှင့် စောင်ကြီးခေါင်းမှာခြုံပြီး
ပြောနေသော Baekhyunကို
Chanyeolအလွန်အသည်းယားနေမိသည်..။လူကောင်ကသေးတော့
စောင်ထုပ်ကြီးကြားထဲမြုပ်နေကာ
ဖြစ်နိုင်ရင် အဲ့အထုပ်လိုက်လေးကို
ပါးစပ်ထဲကောက်ထည့်လိုက်ချင်နေသည်.."ဘာလာလုပ်ရမှာလဲ...
အိပ်ပုပ်ကိုလာနှိုးတာလေ..''ပြောရင်းနဲ့
Chanyeolမှာ စောင်ကိုအတင်းဆွဲချနေရ၏..ကိုယ့်ချစ်ရသူရဲ့ မျက်နှာလေးကို
စောစောစီးစီးမြင်ချင်ပါတယ်ဆိုကာမှ
ဘာလုပ်မှန်းမသိ
စောင်ကြီးခေါင်းမူးခြုံထားနေတော့ ခက်ရပြီသူ ဆွဲလုတော့မှ
ထိုစောင်ပုံထဲကနေ baekhyun
တဖြည်းဖြည်းထွက်လာတော့သည်...Baekhyunဟာ
ဘယ်လိုပုံစံလေးမှန်းကိုမသိ..နှုတ်ခမ်းပိစိကလည်း ပွင့်ဟနေကာ
အရင်တည်းက
Chanyeolအူယားမိတဲ့ ပါးမို့မို့တွေကလည်း
ပို၍ပင်ဖောင်းနေသေးသည်
ဖြူနုနေတဲ့မျက်နှာကလည်း အဆီဥလေးတွေနဲ့
ပြောင်တင်းတင်းလေးဖြစ်နေသည်..baekhyunက
လည်ပင်းကို လက်တွေနဲ့ကုတ်ပွတ်ပြီး
သူ့ကိုမော့ကြည့်ကာမေးလာသည်..."ဘယ်လိုဝင်လာတာလဲ...Chan''
chanyeolမှာ
အသည်းတကျိကျိယားနေတဲ့ စိတ်ကိုထိန်းရင်း
baekhyunပါးပြင်လေးကို အုပ်ကိုင်ကာ
မျက်ဝပ်တွေကို ဖယ်ရှားပေးနေလိုက်သည်
YOU ARE READING
To hope
FanfictionI don't think i tell you this enough, but i believe you were sent to me, to be my safe place, to be my home.