စွတ်ပြုတ်ပန်းကန်ကို ယူပြီး
သူ အခန်းထဲဝင်လာချိန်တွင်
ကိုယ်ပူရှိန် မကျသေးတဲ့ baekhyunက
အိပ်ပျော်နေတုန်းရှိသေးသည်။kyungsoo ကုတင်ဘေးနေရာမှာတင်
ဝင်ထိုင်လိုက်ပြီး baekhyunကို
သေချာအကဲခတ်နေမိ၏လက်ဝါးရာ နီရဲရဲက
baekhyunရဲ့ နားထင်နေရာမှာ
သိသာထင်ရှားစွာမျက်ခမ်းစပ်တွေ ညိုနေတာ
သူ့ကို ပြောပြောနေတဲ့
အတွေးများပြီးအိပ်မရဘူး'' ဆိုသော
အကြောင်းအရင်းခံတွေလားဘယ်လိုပဲ ဖြစ်ဖြစ်
သိသိသာသာချောင်ကျနေတဲ့
baekhyunမျက်နှာဟာ
စိတ်ပင်ပန်းတာကြောင့်ပဲ ဖြစ်လိမ့်မည်kyungsooသက်ပြင်းသာချနေရတော့သည်
လွန်ခဲ့တဲ့တစ်ပတ်က
scholarဝင်ခွင့်အောင်ခဲ့ကြောင်း
kyungsooကို
ကျောင်းမှဆက်သွယ်ခဲ့သည်သူကလည်း မရှောင်သလို၊
baekhyunကလည်း
သူ့ကိုရှောင်နေခြင်းမျိုးမရှိပေမဲ့
ကျောင်းကိစ္စတွေကြောင့်နဲ့
သူတို့တွေ့ကြဖို့အသာထား..
ဖုန်းပြောချိန်ကအစ
နည်းပါးလာရတာတော့ သေချာသည်အဲ့တာကြောင့်
baekhyunဘာတွေဖြစ်နေတယ်
သူလုံးဝမသိခဲ့ပါကောက်ခါငင်ခါတွေ့ရတော့လည်း
baekhyunပုံစံက
စိတ်မောစရာကောင်းလှသည်" သက်သာလား...''
နိုးလာတဲ့အချိန်မှာ သူစမေးမိတော့
baekhyunက ခေါင်းကို
တဆတ်ဆတ်ငြိမ့်ပြသည်ဘာစကားမှမပြော။
မျက်နှာကို ဆေးလိမ်းပေးလည်း
ငြိမ်သက်နေသလို
ဆေးတိုက်တော့လည်း နာခံသည်။
သူ့မျက်နှာကိုသာ လိုက်ကြည့်ပြီး
တစ်ခုခုပြောချင်ဟန်ရှိသည်...."မင်း ဘာဖြစ်လာတာလဲ..
ငါ့ကိုပြောပြလို့ရရင် ပြောပြလေ''"ငါ စာမေးပွဲကျတယ် kyungsoo
ပြီးတော့ companyမှာ
ငါလုပ်တဲ့projectကလည်း
အမှားအယွင်းတွေနဲ့ပဲ...အဲ့တာ အဖေနဲ့စကားများပြီး
အိမ်ပေါ်ကဆင်းလာတာ..
မင်းအတွက်အနှောင့်အယှက်ဖြစ်မှာစိုးလို့
ဒီကို မလာဖို့တွေးခဲ့ပါသေးတယ်၊
ငါ့ကြောင့်စိတ်ရှုပ်ရမှာစိုးလို့
ဒီကိုမလာဖို့..တွေးသေးတယ်''
YOU ARE READING
To hope
FanfictionI don't think i tell you this enough, but i believe you were sent to me, to be my safe place, to be my home.