Baekhyunသည်
shopping mallမှပြန်လာပြီးနောက်
ရေမွှေးဘူးလေးကို ထုတ်ကြည့်မိလေသည်ခေါင်းခါရင်းအိတ်ထဲတစ်ဖန်ပြန်ထည့်ပေမဲ့
စိတ်က chanyeolဆီမှာသာဒါကြောင့် အိတ်ကိုဆွဲကိုင်မိပြန်သည်
သည်းမခံနိုင်တဲ့အခါမှာတော့
ထိုအိတ်ကိုအမြန်ကောက်ဆွဲပြီး
Baekhyun
Chanတို့အိမ်ကိုသွားလိုက်တော့သည်Chanyeolတို့အိမ်ကို
ရောက်တဲ့အခိုက်မှာတော့
ဧည့်ခန်းနေရာမှာ ဘယ်သူမှရှိမနေ
တစ်အိမ်လုံးတိတ်ဆိတ်နေ၏ဒါပေမဲ့ မီးဖိုခန်းထဲမှ ရေကျသံတွေကြောင့်
Chanyeolအမေတော့ရှိမည်ဟု
သူ အလိုလိုသဘောပေါက်သွားရ၏"Ommonim ''
သူလှမ်းခေါ်လိုက်တော့
Chanyeol Ommaက
ပန်းကန်တွေစီရင်း လှမ်းပြုံးပြလာသည်"baekhyunee!
Chanyeolကို လာရှာတာလား''Baekhyun, မီးဖိုခန်းဝမှာတင်
မတ်တပ်ရပ်နေမိပြီး
ခေါင်းအသာငြိမ့်ပြလိုက်သည်"ညနေ အပြင်ကပြန်လာပြီး
အခုပဲ ထပ်ထွက်သွားတယ် သားရေ
ဧည့်ခန်းမှာခဏစောင့်ပေးပါဦး''Baekhyunက ခေါင်းခါငြင်းရင်း
လက်ထဲမှ အိတ်ကိုchanyeolအမေဆီ
သေချာပေးလိုက်သည်...။"အာ..ကျွန်တော်ပြန်တော့မလို့ပါ
သူလာရင်ပေး ပေးနော်''Chanyeolအမေက
baekhyunအားဇဝေဇဝါနဲ့ကြည့်လာ၏"ခွင့်ပြုပါဦး''
baekhyunက
chanyeolပြန်အလာကိုမစောင့်ဘဲ
ခပ်ကုပ်ကုပ်လေးပြန်ထွက်သွားလေသည်ဒါပေမဲ့လည်း သူ့ဆန္ဒမပြည့်လိုက်ရပေ။
Baekhyunခြံအပြင်ဘက်ကို
ရောက်တဲ့အချိန်မှာတော့
Chanyeolပြန်အလာနှင့်တိုး၏ဖုန်းပြောနေရင်းနဲ့
baekhyunကိုမြင်မိတဲ့အခါ
အနားကို ခပ်သွက်သွက်ရောက်လာသူ.."Baekhyun ''
လှမ်းခေါ်လိုက်ပြီး
နွေးနွေးထွေးထွေးပြုံးပြလာတဲ့အခါ
သူ ဘာဆက်လုပ်ရမည်လဲမသိတော့အခုတလော အနားမှာမရှိလို့
တစ်ယောက်တည်းစိတ်ညစ်နေမိတာကို
ထုတ်လည်းမပြချင်ပါ
YOU ARE READING
To hope
FanfictionI don't think i tell you this enough, but i believe you were sent to me, to be my safe place, to be my home.