Unicode
ဆိုင်သို့ရောက်ချိန်မှာတော့ မှန်းချက်နှင့် နှမ်းတွက်မှာ တက်တက်စင်အောင် လွဲရသည်။ ငုတ်တုပ်ထိုင်စောင့်နေကြသော လဒတစ်သိုက်။
"ဟဲလို ချင်းဂူးးးးးးး"
လင်းရှန့်ရဲ့ လုပ်ယူသံကြီးဟာ ငှက်ဆိုးထိုးသံလို။ အဲ့အသံကိုသာ ကျင်းဟန်ကောကြားလို့ကတော့ ကြိုက်ဦးမလားသိချင်မိ။
"မင်းတို့က ဘယ်လိုလုပ် ဒီရောက်နေတာလဲ"
"ဝမ်းနည်းတယ်ကွာ၊ မင်းက ငါတို့ကိုထားခဲ့တော့၊ ရင်မှာခံစား ကျိရန်ရဲ့ယောက်ျား"
"ခံစားပြီးသေသွားလည်း အေးတာပဲ"
ကာရန်တွေနဲ့ပြောနေသော ဟောက်ရွှမ်းအား မျက်စောင်းလှမ်းကစ်တော့ မျက်နှာဟာပြုံးဖြီးဖြီး။
သူတို့ရောက်ပြီးမကြာ၊ ကျင်းဟန်နဲ့ ကျူးကျူးတို့ ရောက်လာသည်။ အင်း.. တစ်ကယ့်ကို လူစုံတက်စုံပါပဲ။
တစ်ဝိုင်းလုံး ရယ်မောနေကြပေမယ့် မရယ်နိုင်သူက ရိပေါ်။ ကြက်ကြီးလည်လိမ်ထားတဲ့ရုပ်နဲ့။ ဘီလူးအီးပန်းထားတဲ့ရုပ်ကမှ သူ့ထက်လှဦးမည်။
"ရိပေါ်ကောကော ဘာမှလည်းမစား၊ စကားလည်းမပြောနဲ့၊ နေမကောင်းဘူးလား"
ကျူးကျူးရဲ့အမေးကြောင့် ရှောင်ကျန့်က ရိပေါ်အားလှမ်းကြည့်သည်။ လှမ်းကြည့်မှာပေါ့။ သူနဲ့ကျန့်ရဲ့အလည်မှာ လဒတစ်သိုက်က နေရာယူထားတာကို။
"ရိပေါ် နေမကောင်းဘူးလား"
ဂရုတစ်စိုက်မေးလာသော ကျန့်ကြောင့် ရိပေါ်ချက်ချင်း ခေါင်းငြိမ့်ပြမိသည်။ ဂရုစိုက်မှုရယူဖို့ဆို နေမကောင်းပဲဖြစ်ရဖြစ်ရ။ ကိုယ့်အကြောင်းသိနေသည့် ဟောက်ရွှမ်းတို့ကတော့ ကြိတ်ရယ်နေတော့မည်။ ရယ်ကြစမ်းပါ။ အချစ်နဲ့တွေ့ရင် လူကလည်း ရောဂါရင့်တတ်တာသဘာဝပဲ။
"ဒါဆို ဆေးခန်းသွားရအောင် ထ"
ကျန့်က ချက်ချင်းထရပ်ကာ ရိပေါ်ကို ထခိုင်းသည်။ အဲ့ဒါမှ ဒုက္ခပဲ။ ဒီတိုင်း အိမ်ပြန်ပို့ပေးရုံလောက်ပဲ တွေးထားမိတဲ့ကိုယ့်ကိုယ်ကိုသာ ရိုက်သတ်ချင်သည်။ ငါးခူပြုံးပြုံးနေသော လင်းရှန့်က..
![](https://img.wattpad.com/cover/249776510-288-k804201.jpg)