*Final part*

6.2K 455 5
                                    

Unicode

မူလတန်းအရွယ်ကောင်လေးတစ်ယောက်ရဲ့ ရယ်သံလွင်လွင်က ကားအသစ်လေးထဲတွင် ပျံ့နှံ့လျက်။

"ပါပါး မာမား ခ်ခ်"

ကားအသစ်ကြီးစီးနေရ၍ ပျော်နေရှာသော ကျန့်ပေါက်စလေးအားကြည့်ကာ ရှောင်ပါးနဲ့ရှောင်မားမှာတော့ ဝမ်းသာ၍မဆုံး။

"အားကျန့်လေးက ပျော်နေတာလား"

"အင်း"

"ဘယ်လောက်ပျော်လဲ"

"ဒီလောက်အများကြီး"

လက်သေးသေးလေးနှစ်ဖက်ကို စက်ဝိုင်းပုံစံလုပ်ပြကာ နှုတ်ခမ်းလေးတထော်ထော်နှင့်ပြောနေသော သားငယ်နှင့် သားငယ်ကိုကြည့်ကာ ပျော်မြူးနေသော ရှောင်မား။ ရှောင်းပါးမှာတော့ သူ့ရဲ့ဇနီးနဲ့ သားလေးကိုကြည့်ကာ ပီတိဖြစ်လျက်။ သူတို့မိသားစုလေးဟာ ယခင်အချိန်ထိ သာယာတဲ့မိသားစုလေး ဖြစ်ခဲ့ပါရဲ့။ ထိုအချိန်မတိုင်ခင်လေး......

"ဒုန်းး"

ကားအသစ်လေးနဲ့ အနီးတစ်ဝိုက် အသံကြီးက ကြီးစိုးသွားခဲ့သည်။ ကားအသစ်လေးဟာလည်း ကြေမွလျက်။ ကားထဲတွင် ယာဉ်မောင်းသူ ယောက်ျားမှာ သွေးများ တစ်ကိုယ်လုံးစိုရွှဲလျက်။ ကားနောက်ခန်းမှ အမျိုးသမီးမှာလည်း မလှုပ်မယှက်။ ထိုအမျိုးသမီး သေချာကာကွယ်ထားသော ရင်ခွင်ထဲမှ ကလေးငယ်တစ်ဦးသာ ဒဏ်ရာအနည်းဆုံးဖြစ်သည်။
လက်အနည်းငယ်လှုပ်ရှားလာသော မိခင်ဖြစ်သူမှာ သွေးအိုင်များကြားမှ ရင်ခွင်ထဲက ကလေးငယ်လေး ဘေးကင်းရဲ့လားဆိုတာသာ စစ်ဆေးဖို့ အာရုံရသည်။ ကားရှေ့ခန်းကိုကြည့်မိတော့ ခင်ပွန်းဖြစ်သူရဲ့ မြင်မကောင်းလောက်အောင် ဒဏ်ရာရထားသောမြင်ကွင်း။

"သားငယ်၊ သားကျန့် သားဘာမှမဖြစ်ဘူးနော်"

ကလေးငယ်လေးမှာ မျက်ရည်အဝိုင်းသားလေးနှင့် ခေါင်းငြိမ့်ရှာသည်။

"အကို၊ အကို့၊ ရှောင်းလူကြီး ကျွန်မကို စကားလေးပြန်ပြောပါဦး၊ အကို..အကို့ မျက်လုံးဖွင့်ပါဦးလို့"

မိခင်ဖြစ်သူရဲ့ ငိုကြွေးသံနှင့်ရောနေသော သတိပေးမှုကြောင့် ဖခင်ဖြစ်သူမှာ မျက်လုံးအနည်းငယ် ပွင့်လာသည်။

CRUSH [Completed]Where stories live. Discover now